The Smurfs 2
The Smurfs 2 (2013) ဇာတ်လမ်းအကျဉ်း မကောင်းဆိုးဝါး မှော်ဆရာ "ဂါဂါမယ်လ်" ရဲ့ ဖန်တီးမှုတစ်ခုဖြစ်ခဲ့ပေမဲ့ "ပါပါးစမာ့ဖ်" ရဲ့ မေတ္တာကြောင့် စစ်မှန်တဲ့ စမာ့ဖ်အပြာလေး ဖြစ်လာခဲ့သူကတော့ "စမာ့ဖ်ဖက်" ပဲ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ စမာ့ဖ်ဖက်ဟာ သူမရဲ့ မွေးနေ့မှာ ကိုယ့်ကိုယ်ကိုယ် ဘယ်သူဘယ်ဝါလဲဆိုတာ သံသယဝင်ပြီး စိတ်အားငယ်နေချိန်မှာပဲ ဂါဂါမယ်လ်က မကောင်းတဲ့ ကိစ္စတစ်ခုကို စတင်လိုက်ပါတယ်။ ဂါဂါမယ်လ်ဟာ စမာ့ဖ်တွေကို ထုတ်ယူပြီး တစ်ကမ္ဘာလုံးကို စိုးမိုးနိုင်ဖိုအတွက် "လူဆိုးလေးများ" လို ခေါ်တဲ့ သတ္တဝါအသစ်တွေကို ဖန်တီးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလူဆိုးလေးတွေကို စစ်မှန်တဲ့ စမာ့ဖ်အပြာရောင် ပြောင်းလဲပေးနိုင်မယ့် လျှိဝှက်မှော်ဆေးနည်းကို စမာ့ဖ်ဖက် တစ်ယောက်တည်းသာ သိရှိထားတာကြောင့် ဂါဂါမယ်လ်ဟာ စမာ့ဖ်ဖက်ကို ပဲရစ်မြိုဆို ပြန်ပေးဆွဲ ခေါ်ဆောင်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ပါပါးစမာ့ဖ်နဲ့ စမာ့ဖ်အဖွဲဝင်တွေဟာ သူတိုရဲ့ မိတ်ဆွေ "ပက်ထရစ်" တို မိသားစုနဲ့ ပူးပေါင်းပြီး စမာ့ဖ်ဖက်ကို ကယ်တင်ဖို ပဲရစ်မြိုကြီးဆီ ဦးတည်ထွက်ခွာလာကြပါတယ်။ စမာ့ဖ်ဖက်တစ်ယောက် ဂါဂါမယ်လ်ရဲ့ လှည့်ကွက်တွေကြားမှာ လမ်းမပျောက်ဘဲ စမာ့ဖ်အဖွဲနဲ့ ပြန်လည်ပေါင်းစည်းနိုင်မလား၊ စမာ့ဖ်အဖွဲရဲ့ စွန့်စားခန်း ကယ်ဆယ်ရေးအစီအစဉ် ဘယ်လိုအောင်မြင်သွားမလဲဆိုတာကို ရသစုံလင်စွာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း