Wedding Daze
စိတ်အပန်းဖြေချင်တဲ့ ပရိသတ်တွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရမယ့် ၂၀၀၀ ပြည့်လွန်နှစ်တွေက Classic Romantic Comedy ဇာတ်ကားဟောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ မင်းသား Jason Biggs နဲ့ မင်းသမီး Isla Fisher တို့ အဓိကပါဝင်ထားတဲ့ "Wedding Daze" (တစ်နည်းအားဖြင့် The Pleasure of Your Company) ဆိုတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ Anderson ဟာ သူ့ရဲ့ချစ်သူကောင်မလေးကို အရမ်းရိုမန်တစ်ဆန်ဆန် Cupid ဝတ်စုံကြီးဝတ်ပြီ) လက်ထပ်ခွင့်တောင်းဖို့ ကြိုးစားရာကနေ... ကောင်မလေးက အလွန်အမင်း အံ့ဩဝမ်းသာသွားပြီး နှလုံးရပ်သေဆုံးသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် Anderson တစ်ယောက် စိတ်ဒဏ်ရာရပြီး တစ်နှစ်လောက်ကြာတဲ့အထိ အချစ်သစ်မရှာနိုင်ဘဲ အထီးကျန်ဖြစ်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ သူ့သူငယ်ချင်းက နောက်ထပ် အချစ်သစ်ပြန်ရှာဖို့ တိုက်တွန်းတာကြောင့် စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးနေတဲ့ မိန်းကလေး Katie (Isla Fisher) ကို ဘာစိတ်ကူးပေါက်သွားမှန်းမသိဘဲ ရမ်းပြီး လက်ထပ်ခွင့်တောင်းလိုက်ပါတော့တယ်။ ပိုအံ့ဩစရာကောင်းတာက Katie ဟာလည်း သူ့ရဲ့ ငြီးငွေ့စရာကောင်းတဲ့ ဘဝကြီးကနေ ရုန်းထွက်ချင်နေတဲ့အချိန်ဖြစ်နေတော့ ဘာမတွေးညာမတွေးနဲ့ လက်ခံလိုက်တဲ့အခါ... လုံးဝမသိကျွမ်းတဲ့ သူစိမ်းနှစ်ယောက်ရဲ့ ကမောက်ကမ စေ့စပ်ပွဲကြီး စတင်ပါတော့တယ်။ ဒီကားလေးက ၂၀၀၀ ပြည့်လွန်နှစ်တွေက Rom-Com တွေရဲ့ ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါးနဲ့ ဟာသနှောထားတဲ့ (Feel-good) ဇာတ်ကားမျိုးပါ။ တစ်ယောက်ကိုတစ်ယောက် လုံးဝမသိဘဲ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ကြတဲ့ သူစိမ်းနှစ်ယောက်၊ သူတို့နှစ်ယောက်ရဲ့ ဂွကျတဲ့ မိသားစုတွေနဲ့ မထင်မှတ်ထားတဲ့ ပြဿနာတွေကြားမှာ တဖြည်းဖြည်း သံယောဇဉ်တွယ်လာပုံတွေကို ဟာသလေးတွေနဲ့ ချစ်စရာကောင်းအောင် ရိုက်ကူးထားပါတယ်။ အထူးသဖြင့် Isla Fisher ရဲ့ သွက်လက်ပြီး ချစ်စရာကောင်းတဲ့ သရုပ်ဆောင်ချက်တွေနဲ့ Jason Biggs ရဲ့ အူကြောင်ကြောင် ဟာသတွေက ဇာတ်လမ်းကို ပိုပြီး အသက်ဝင်စေပါတယ်။ ယုတ္တိမတန်တဲ့ အစပြုမှုလေးကနေ တကယ့် စစ်မှန်တဲ့ အချစ်ကို ရှာတွေ့သွားတဲ့ ပုံစံမျိုးလေးမို့ စိတ်ဖိစီးမှုတွေပျောက်ပြီး ရယ်မောချင်သူတွေအတွက် လုံးဝ အံကိုက်ပါပဲ။ File size… 6GB / 1.1 GB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 30m Genre ..... Comedy , Drama , Romace
ဇာတ်လမ်းအကြောင်း