ဇာတ်ကားများ ရွေးရန်

Planes, Trains and Automobiles

1987ဇာတ်ကားအမှတ် 7.6/1092 မိနစ်

Planes Trains and Automobiles (1987) IMDB : 7.6 Rotten Tomatoes : 93% Genre : Comedy / Drama Comedy ရုပ်ရှင်တစ်ကားအနေနဲ့ IMDB မှာ 7.6 Rotten Tomatoes မှာ 93% ဆိုတာ တော်တော်လေးကို မလွယ်လှပါဘူး။ ဒါဆို ဒီကားရဲ့ အတိမ်အနက်ကို သိလောက်မှာပါ။ ဒီရုပ်ရှင်က ဝေဖန်ရေးသမားတွေကြားမှာရော ပရိတ်သတ်တွေကြားမှာပါ တော်တော်လေးကို Positive ပြခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ ဇာတ်ညွှန်း နီးလ်ပေ့ဂျ်ဟာ ကျေးဇူးတော်နေ့ပိတ်ရက်အတွက် သူ့မိသားစုရှိတဲ့ ချီကာဂိုမြို့ကို အလုပ်ကနေပြန်ဖို့အတွက် လေယာဉ်လက်မှတ်တစ်စောင်ဝယ်ခဲ့ပါတယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ နှင်းမုန်တိုင်းကြောင့် သူစီးမယ့်လေယာဉ်က ဖျက်သိမ်းခံလိုက်ရပါတော့တယ်။ ကျေးဇူးတော်နေ့ပိတ်ရက်ကလည်းဖြစ်၊ မုန်တိုင်းကလည်းရှိတော့ လေယာဉ်အစီအစဉ်တွေရော တခြား ခရီးသွားပလန်တွေအကုန်လုံး၊ ဟိုတယ်တွေက အစ ပြည့်နေခဲ့ပါတယ်။ အဲထက်ဆိုးတာက စကားကများ၊ အလိုက်ကမသိတဲ့ ဒဲလ်ဂရစ်ဖင်ဆိုတဲ့လူနဲ့ လေယာဉ်ပေါ်မှာစုံခဲ့တာပါပဲ။ အဲကစလို့ သူတို့နှစ်ယောက်ရဲ့ အလွဲတွေ ချီကာဂိုကို ဘယ်လိုရှေ့ဆက်မလဲဆိုတာကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ Comedy / Drama ရုပ်ရှင်တစ်ကားဖြစ်တာကြောင့် တော်တော်လေးကို ကြည့်ရတန်ပါတယ်။ File size…    1 GB / 1 GB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 33m Genre ..... Comedy / Drama Subtitle…. Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း