ဇာတ်ကားများ ရွေးရန်

A Shaun the Sheep Movie: Farmageddon

2019ဇာတ်ကားအမှတ် 6.9/1087 မိနစ်

A Shaun the Sheep Movie: Farmageddon (2019) ဒီဇာတ်ကားကတော့ Animation, Adventure နဲ့ Comedy အမျိုးအစား ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ Will Becher နဲ့ Richard Phelan တို့က ရိုက်ကူးထားပြီး သရုပ်ဆောင်တွေအဖြစ် Justin Fletcher, John Sparkes နဲ့ Amalia Vitale တို့က အသံနဲ့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ မော့စီဘော့တွမ် ခြံထဲမှာ အမြဲတမ်း ပြဿနာရှာတတ်တဲ့ ရှောန် ဆိုတဲ့ သိုးကလေးဟာ တစ်နေ့မှာတော့ သူတို့မြို့ဆီ မတော်တဆ ပျက်ကျလာခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ် UFO ကြီးနဲ့အတူ အာကာသထဲကနေ ရောက်ရှိလာတဲ့ Lu-La နဲ့ တွေ့ဆုံခဲ့ရာကနေ ဇာတ်လမ်းစတာပါ။ Lu-La ဟာ အိမ်ပြန်ချင်နေပေမဲ့ သူမကို လိုက်လံဖမ်းဆီးချင်နေတဲ့ လျှို့ဝှက် အာကာသစုံစမ်းရေး အဖွဲ့ရဲ့ ရန်ကနေ ရှောင်ရှားနေရတာ ဖြစ်ပါတယ်။ ရှောန်နဲ့ ခြံထဲက သိုးအုပ်စုဟာ Lu-La လေးရဲ့ အိမ်ပြန်လမ်းအတွက် ကူညီပေးဖို့ ဆုံးဖြတ်လိုက်ကြပြီး စိတ္တဇဆန်တဲ့ အာကာသအေးဂျင့်တွေရဲ့ ရန်ကနေ ပုန်းလျှိုးကွယ်လျှိုး လွတ်မြောက်အောင် ကြိုးစားကြပါတော့တယ်။ အံ့ဩဖွယ် အာကာသ စွန့်စားခန်းတွေ၊ ဟာသပြကွက်တွေနဲ့အတူ ချစ်စရာ မိသားစုကြည့် Animation ရုပ်ရှင်ကောင်းတစ်ကားပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း