48 Hrs.
48 Hrs. (1982) IMDB : 6.9 Rotten Tomatoes : 92% Genre : Action / Comedy / Crime Buddy Cop (ရဲအရာရှိ နှစ်ယောက်တွဲ) အက်ရှင် ဟာသဇာတ်ကားတွေရဲ့ ရှေ့ဆောင်လမ်းပြဖြစ်တဲ့ ၁၉၈၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ "48 Hrs" ရုပ်ရှင်ကတော့ ဒါရိုက်တာ Walter Hill ရိုက်ကူးထားပြီး နာမည်ကျော် ဟာသသရုပ်ဆောင် Eddie Murphy ရဲ့ ပထမဆုံး ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဘုပြော ဘေးထိုင် တစ်လောကလုံးကို ကြည့်မရတဲ့ရဲနဲ့ ရာဇဝတ်သား နှစ်ယောက်တွဲပြီး အမှုလိုက်ရတဲ့ ဇာတ်လမ်းပုံစံတွေကို ကြိုက်နှစ်သက်သူတွေအတွက်တော့ သဘောကျစေမယ့် ဂန္ထဝင်ဇာတ်ကားကောင်း တစ်ကားလည်းဖြစ်ပါတယ်။ ဇာတ်ညွှန်း ဆန်ဖရန်စစ္စကိုမြို့က ဘုကလန့် စုံထောက် ဂျက်ခ် ကိတ်စ် ဟာ ထောင်ပြေး လူသတ်သမား အဲလ်ဘတ် ဂန့်ဇ် နဲ့ သူ့ရဲ့ အပေါင်းအပါတွေကို ဥပဒေအရ စီရင်ဖို့ လိုက်ဖမ်းနေပါတယ်။ ဂန့်ဇ်က ရဲအရာရှိ နှစ်ယောက်ကို သတ်ဖြတ်ပြီး ထွက်ပြေးသွားခဲ့သူလည်းဖြစ်ပါတယ်။ သူတို့ကို အမိဖမ်းနိုင်ဖို့အတွက် ဂျက်ခ်ဟာ ဂန့်ဇ်ရဲ့ ဂိုဏ်းဝင်ဟောင်း တစ်ယောက်ဖြစ်ပြီး လက်ရှိမှာ ထောင်ကျနေတဲ့ ပန်ကာထိပ်က ထုံးကွက် လူလည် ရယ်ဂျီ ဟမ်းမွန်း ရဲ့ အကူအညီကို ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရယ်ဂျီကို ထောင်ကနေ ၄၈ နာရီတိတိ ယာယီလွှတ်ပေးပြီး ဂန့်ဇ်ကို ဖမ်းဖို့ သူတို့နှစ်ယောက် ပူးပေါင်းလိုက်ကြပါတော့တယ်။ တစ်ယောက်နဲ့တစ်ယောက် လုံးဝကြည့်မရတဲ့ စုံထောက် ဂျက်ခ် နဲ့ ပါးစပ်ကို တစ်ရက် ၂၅ နာရီလောက်မပိတ်တဲ့ လူလည် ရယ်ဂျီ တို့ နှစ်ယောက်ပေါင်းပြီး အချိန် ၄၈ နာရီအတွင်းမှာ လူသတ်သမားတွေကို ဘယ်လိုလိုက်လံဖမ်းဆီးမလဲ၊ သူတို့နှစ်ယောက်ကြားက အလွဲအချော်တွေ၊ အက်ရှင်ခန်းတွေကို စိတ်ဝင်စားဖွယ် ခံစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ Action Comedy အမျိုးအစားကို အကောင်းဆုံး ပုံဖော်ထားနိုင်ပြီး Rush Hour, Lethal Weapon တို့ရဲ့ ရှေ့ဆောင်လမ်းပြ Buddy Cop ပုံစံ ရုပ်ရှင်ဖြစ်ပါတယ်။ စုံထောက် ဂျက်ခ် ကိတ်စ် အဖြစ် မင်းသားကြီး Nick Nolte ရယ်ဂျီ ဟမ်းမွန်း အဖြစ် မင်းသား Eddie Murphy တို့က အားဖြည့်ထားကြပါတယ်။ ခံစားကြည့်ကြပါ။ File size… 2.7 GB / 1.5 GB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 35m Genre ..... Action / Comedy Subtitle…. Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း