ဇာတ်ကားများ ရွေးရန်

Marcel the Shell with Shoes On

2022ဇာတ်ကားအမှတ် 7.7/1090 မိနစ်

မာဆယ်ဟာ မျက်လုံးတစ်လုံးနဲ့ ဖိနပ်စီးထားတဲ့ ခရုခွံလေးတစ်ကောင်ပါ။ သူ့မိသားစုတွေကို ဆုံးရှုံးထားရပြီး အဖွားနဲ့အတူ လူတွေကို ရှောင်ရင်း နေနေရပါတယ်။ တစ်နေ့မှာ ဒင်းန်ဆိုတဲ့သူနဲ့ ခင်မင်သွားပြီး ဒင်းန်က မာဆယ်အကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်ကာ ယူကျူ့ပေါ် တင်လိုက်တယ်။ အဲဒီကနေ မာဆယ်ဟာ လူသိများလာပါတယ်။ နာမည်ကြီးလာပြီးနောက်မှာတော့ မာဆယ်ဟာ သူ့မိသားစုကို ပြန်ရှာဖို့ ကြိုးစားလာတယ်။ အဖွားကလည်း မြေးလေးကို ဘဝမှာ ကိုယ့်ဘာသာ ရှင်သန်တတ်အောင် သင်ပေးနေပါတယ်။ မာဆယ်ရဲ့ အပြုအမူတွေနဲ့ စကားပြောပုံတွေကြားမှာ ဟာသနဲ့ သရော်မှုတွေ ပါသလို အဖွားနဲ့မြေးကြားက ခံစားချက်တွေကိုလည်း တွေ့ရမှာပါ။ A24 ရဲ့ မှတ်တမ်းရုပ်ရှင်ဟန်နဲ့ တင်ဆက်ထားတဲ့ Mockumentary ဖြစ်ပြီး အန်နီမေးရှင်း၊ ဟာသနဲ့ ဒရာမာတို့ကို ပေါင်းစပ်ထားပါတယ်။

ဇာတ်လမ်းအကြောင်း