ဇာတ်ကားများ ရွေးရန်

Skinamarink

2023ဇာတ်ကားအမှတ် 5.8/10100 မိနစ်

Skinamarink ကို မရိုက်ခင် ဒါရိုက်တာက YouTube ချန်နယ်တစ်ခုကနေ ပရိသတ်တွေ မက်ဖူးတဲ့ အိပ်မက်ဆိုးတွေအကြောင်း မေးမြန်းခဲ့ပါတယ်။ အဲဒီအဖြေတွေထဲက တူညီနေတဲ့ အကြောင်းအရာတွေကို စုစည်းပြီး ရုပ်ရှင်အဖြစ် ဖန်တီးထားတာပါ။ သူကိုယ်တိုင် ငယ်ငယ်က မက်ဖူးတဲ့ အိပ်မက်ထဲမှာလည်း မိဘတွေနဲ့ အိမ်မှာအတူရှိနေရာက မိဘတွေ ရုတ်တရက်ပျောက်သွားပြီး အိမ်ထဲမှာ မကောင်းဆိုးရွားတစ်ကောင် ရှိနေခဲ့တယ်လို့ ပြောထားပါတယ်။ ဒီလိုအိပ်မက်မျိုး မက်ဖူးသူတွေရှိတဲ့အတွက် အဲဒီခံစားချက်ကို အခြေခံပြီး ရိုက်ထားတာပါ။ ရိုက်ကူးပုံကတော့ တွေ့နေကျ ဟော်ရာကားတွေနဲ့ ကွာတဲ့ စမ်းသပ်ဖန်တီးမှုပုံစံမျိုး ဖြစ်ပါတယ်။ အိမ်တစ်လုံးထဲမှာပဲ အိမ်တွင်းပစ္စည်းတွေနဲ့ ကလေးနှစ်ယောက်လောက်ကို အဓိကထားပြီး ပြထားတယ်။ မြင်ကွင်းအများစုကိုလည်း ကိုယ်တိုင် အိမ်ထဲလှည့်ကြည့်နေရသလို မြင်ရတဲ့ ရှုထောင့်ကနေ ရိုက်ကူးထားပါတယ်။ အိမ်ရဲ့ ဘယ်နေရာမှာ ဘာကိုမြင်လိုက်ရမလဲ မသိရတဲ့အခြေအနေတွေကြားမှာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေကို ထည့်သွင်းထားပါတယ်။

ဇာတ်လမ်းအကြောင်း