ဇာတ်ကားများ ရွေးရန်

Kenneled

2025ဇာတ်ကားအမှတ် 5.5/1088 မိနစ်

Kenneled (2026) ++++++++++ ဒါရိုက်တာ Jay Burleson ရိုက်ကူးထားတဲ့ဒီကားလေးက စိတ်ပညာဆိုင်ရာ သည်းထိတ်ရင်ဖိုနဲ့ သရော်စာ ဟာသနှောတဲ့ Horror (Psychological Horror / Satirical Thriller) အမျိုးအစား ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် ဝေါ်ကာ (Walker) ဟာ ရုန်းကန်နေရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အပြင် အချိန်ပိုင်းအလုပ်တွေ လျှောက်လုပ်နေရတဲ့ လူငယ်တစ်ယောက်ပါ။ ပိုက်ဆံအသည်းအသန်လိုအပ်နေချိန်မှာ သူဟာ အိမ်မွေးတိရစ္ဆာန် စောင့်ရှောက်ပေးရမယ့်အလုပ်တစ်ခုကို ဈေးကြီးပေးပြီး ငှားရမ်းခြင်း ခံလိုက်ရပါတယ်။ ဝေါ်ကာကလည်း ပိုက်ဆံရရင် ပြီးရောဆိုပြီး သူဌေးကြီးရဲ့ အိမ်ကို ရောက်သွားတဲ့အခါ... ပုံမှန်ခွေးလေးတစ်ကောင်ကို စောင့်ရှောက်ရမယ် အထင်နဲ့ သွားခဲ့ပေမယ့် တကယ်တမ်း ပြုစုပေးရမှာက ခွေးလိုမျိုး ရာနှုန်းပြည့် အသွင်ယူ၊ အပြုအမူလုပ်ပြီး နေထိုင်နေတဲ့ "ဒေါ့ဂ်" ဆိုတဲ့ အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်ဖြစ်နေတာကို ထိတ်လန့်ဖွယ် တွေ့လိုက်ရပါတော့တယ်။ ဝေါ်ကာဟာ ပိုက်ဆံရဖို့အတွက် ဒီဆန်းကြယ်လှတဲ့အိမ်ထဲမှာ ခွေးအဖြစ် နေထိုင်နေတဲ့လူကြီးကို ခွေးတစ်ကောင်လိုပဲ စည်းကမ်းအတိုင်း ပြုစုစောင့်ရှောက်ပေးဖို့ ကြိုးစားရင်းနဲ့ တစ်ဖြည်းဖြည်း မူမမှန်တဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ၊ ခြောက်လှန့်မှုတွေနဲ့ အန္တရာယ်တွေကြားထဲ ဘယ်လိုမျိုး အိပ်မက်ဆိုးကြီး ကြုံတွေ့ရမလဲဆိုတာကို စိတ်ကျဉ်းကျပ်စရာ ရိုက်ပြထားတာ ဖြစ်ပါတယ်။ ဒီကားက ခေါင်းစဉ်နဲ့တင် တော်တော်လေးဆန်းပြားပြီး အများနဲ့မတူတဲ့ စိတ္တဇဆန်ဆန် B-grade Indie Horror / Dark Satire ဖြစ်တာကြောင့် သာမန် Slasher ကားတွေထက် စိတ်ရောဂါဆန်ဆန် Dark Comedy/Horror ကြိုက်တဲ့ ပရိသတ်တချို့ အတွက်သာ သင့်တော်ပါတယ်။ လွန်ကဲပြီး ရောဂါဆန်တဲ့အကြောင်းအရာတွေ ၊ စိတ်ပညာဆိုင်ရာ နှိပ်စက်ခြောက်လှန့်မှုတွေ၊ ဆန်းကြယ်တဲ့ပြုမူနေထိုင်မှုတွေနဲ့ စိတ်မသက်မသာဖြစ်စရာ ဇာတ်ကွက်တွေ ပါဝင်တာကြောင့် ကလေးသူငယ်တွေနဲ့ စိတ်နုသူတွေ ကြည့်ရှုဖို့ မသင့်တော်ပါဘူး။ File Size… (1.05GB) / (606MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 29m Genre …Horror Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း