Nona Manis Sayange
Nona Manis Sayange (2023) ချစ်သူနှစ်ဦး ပေါင်းစည်းခွင့်ရဖို့အတွက် အင်ဒိုနီးရှား ရိုးရာဓလေ့အရ မိန်းမယူဖို့ တင်တောင်းငွေစိန်ခေါ်မှုကို ကျော်ဖြတ်ဖို့ ကြိုးစားကြပုံကို ရိုက်ကူးထားတဲ့ အင်ဒိုနီးရှား Romance / Comedy / Drama ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အင်ဒိုနီးရှားနိုင်ငံ Labuan Bajo ဒေသလေးမှာ ကြီးပြင်းလာခဲ့ကြပြီး ငယ်သူငယ်ချင်းတွေအဖြစ်ကနေ ချစ်သူဖြစ်သွားကြတဲ့ "အာကရမ်"နဲ့ "ဆစ်ကာ" တို့အကြောင်းကနေ စတင်ထားတာပါ။ သူတို့နှစ်ဦး အတူတူ ပေါင်းစည်းချင်ကြပေမဲ့ ဆစ်ကာ ရဲ့ အဖေကတော့ ဒီအချစ်ရေးကို အလွယ်တကူ သဘောမတူခဲ့ပါဘူး။ အဓိကကတော့ အဖေဖြစ်သူဟာ အာကရမ် ဆီကနေ ဒေသဓလေ့အတိုင်း အလွန် မြင့်မားလှတဲ့ တင်တောင်းငွေကို တောင်းဆိုလိုက်လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အာကရမ်ဟာ ဆစ်ကာ ရဲ့ အဖေ သတ်မှတ်ထားတဲ့ ခက်ခဲလှတဲ့ မျှော်လင့်ချက်တွေကို ပြည့်မီအောင် အပြင်းအထန် ကြိုးစား ရုန်းကန်ရပါတော့တယ်။ ဆစ်ကာ ကိုယ်တိုင်လည်း အဖေနဲ့ ချစ်သူကြားမှာ ပေါင်းကူးပေးရင်း... သူတို့ရဲ့ စစ်မှန်တဲ့ အချစ်က ကြီးမားလှတဲ့ ရိုးရာစိန်ခေါ်မှုကို ကျော်ဖြတ်နိုင်မလားဆိုတာ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း