Thallumaala
ဝါဇီတို့ သူငယ်ချင်းငါးယောက်က အစကတည်းက ခင်ခဲ့ကြတာမဟုတ်ဘဲ ရန်ဖြစ်ကြရင်း ရင်းနှီးသွားကြသူတွေပါ။ ဝါဇီက သူ့ကောင်မလေးနဲ့ မင်္ဂလာဆောင်ဖို့ ပြင်ဆင်နေချိန်မှာ ကျန်တဲ့သူငယ်ချင်းလေးယောက်က ရာဂျီမက်သရူးဆိုသူနဲ့ ရန်စရှိနေကြတယ်။ ရာဂျီက ဒီရန်ပွဲကို အဆုံးသတ်ချင်လို့ ပြေလည်အောင် ကြိုးစားပေမယ့် နားလည်မှုတွေလွဲပြီး ဝါဇီရဲ့ မင်္ဂလာဆောင်မှာ နောက်ထပ်ရန်ပွဲတစ်ပွဲ ထပ်ဖြစ်သွားပါတယ်။ ဒီရန်ပွဲကြောင့် ဝါဇီက အင်တာနက်ပေါ်မှာ လူသိများသွားသလို မင်္ဂလာပွဲလည်း ပျက်သွားခဲ့တယ်။ နှစ်နှစ်အကြာ မြို့ကိုပြန်ရောက်လာတော့ သူချစ်တဲ့ကောင်မလေးက တခြားတစ်ယောက်နဲ့ စေ့စပ်ထားပါပြီ။ ရန်ငြိုးဟောင်းရှိတဲ့ ရာဂျီနဲ့ ဘယ်လိုပြန်ရင်ဆိုင်ရမလဲ၊ ချစ်သူနဲ့ရော ပေါင်းဖက်ခွင့် ရနိုင်ဦးမလားဆိုတာ ဆက်ကြည့်ရမှာပါ။ ၂၀၂၂ ခုနှစ်ထွက် မာလာယာလမ် အက်ရှင်ဟာသကားဖြစ်ပြီး Vaashi မှာ ရှေ့နေအဖြစ် ပါဝင်ခဲ့တဲ့ တိုဗီနိုသောမတ်စ်နဲ့ Bro Daddy ထဲက ကလျာနီ ပရီရာဒါရှန်တို့ သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း