ဇာတ်ကားများ ရွေးရန်

Plan A Plan B

2022ဇာတ်ကားအမှတ် 6.1/10106 မိနစ်

ကော်စီက လင်မယားတွေ ကွာရှင်းပြတ်စဲဖို့ ဆောင်ရွက်ပေးရတဲ့ ရှေ့နေဖြစ်ပြီး နီရာလီကတော့ လူတွေကို ဖူးစာဖက်ရှာပေးတဲ့ အောင်သွယ်လုပ်ငန်း လုပ်ကိုင်သူပါ။ သူများတွေရဲ့ အိမ်ထောင်ရေးကိစ္စတွေကို ကိုင်တွယ်ပေးနေကြပေမယ့် သူတို့ကိုယ်တိုင်ရဲ့ အချစ်ရေးကတော့ အဆင်မပြေကြဘူး။ အတ္တကြီးပြီး တစ်ကိုယ်ကောင်းဆန်တဲ့ ကော်စီမှာ အိမ်ထောင်ရေးပြဿနာ ရှိနေသလို နူးညံ့သိမ်မွေ့တဲ့ နီရာလီကလည်း သူ့ကိုဖြတ်သွားတဲ့ ရည်းစားဟောင်းကို မမေ့နိုင်သေးပါဘူး။ အလုပ်သဘောသဘာဝရော စိတ်နေစိတ်ထားပါ မတူတဲ့ ဒီနှစ်ယောက်က အဆောက်အဦးတစ်ခုထဲမှာ ဘေးချင်းကပ်ရုံးခန်းတွေ ဖွင့်ဖြစ်ကြပါတယ်။ အဲဒီတော့ ကြောင်နဲ့ကြွက်လို ဘယ်လိုတွေ ရန်ဖြစ်ကြမလဲ၊ အလွဲအချော်တွေကြားကနေ တစ်ယောက်အပေါ်တစ်ယောက် သံယောဇဉ်တွေရော ဖြစ်လာနိုင်မလား။ ကော်စီနဲ့ နီရာလီအဖြစ် ရီတေရှ်ဒေရှ်မွခ်နဲ့ တမန်နားဘာတီယားတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း