Frankie and Johnny
ထောင်က လွတ်လာခါစ ဂျွန်နီက နယူးယော့ခ်မြို့ကို ရောက်လာပြီး အလုပ်ရှာနေပါတယ်။ ထောင်ထဲမှာတုန်းက သင်ယူတတ်မြောက်ခဲ့တဲ့ အချက်အပြုတ်ပညာကို အားကိုးပြီး စားသောက်ဆိုင်တစ်ဆိုင်မှာ အလုပ်ဝင်လျှောက်ရာက ဖရန်ကီနဲ့ တွေ့ဖြစ်သွားတယ်။ ဖရန်ကီက အဲဒီဆိုင်မှာ အလုပ်လုပ်နေတဲ့ စားပွဲထိုးဖြစ်ပြီး ဘဝမှာ ပျော်စရာကို ရှာမတွေ့တော့တဲ့သူပါ။ သက်လတ်နှောင်းပိုင်းအရွယ် စားဖိုမှူး ဂျွန်နီက ဖရန်ကီကို ချစ်မိသွားပေမယ့် ဖရန်ကီအတွက်တော့ လူတစ်ယောက်ကို ယုံကြည်ဖို့၊ ကိုယ့်ခံစားချက်တွေကို ဖွင့်ပြဖို့ဆိုတာ မလွယ်ပါဘူး။ သူ့ကိုချစ်နေတဲ့ ဂျွန်နီနဲ့ လူတွေကို ယုံကြည်ရခက်နေတဲ့ ဖရန်ကီတို့ကြားက ချစ်ခြင်းမေတ္တာအကြောင်းကို ရိုက်ပြထားပါတယ်။ Frankie and Johnny ဆိုတဲ့ နာမည်က အမေရိကန်ရဲ့ လူသိများတဲ့ သီချင်းဟောင်းတစ်ပုဒ်ရဲ့ အမည်လည်း ဖြစ်ပါတယ်။ Elvis Presley ကတောင် သူ့ရုပ်ရှင်ထဲမှာ ထည့်သွင်းသီဆိုခဲ့ဖူးပါတယ်။ သီချင်းထဲမှာလည်း ဖရန်ကီနဲ့ ဂျွန်နီဆိုတဲ့ လူနှစ်ယောက်အကြောင်း ပါပေမယ့် ဒီရုပ်ရှင်က အဲဒီနာမည်ကိုပဲ ယူထားပြီး ဇာတ်လမ်းအကြောင်းအရာကတော့ မတူပါဘူး။
ဇာတ်လမ်းအကြောင်း