ဇာတ်ကားများ ရွေးရန်

Oh..! Sukumari

2026ဇာတ်ကားအမှတ် 4.0/10145 မိနစ်

Oh..! Sukumari (2026) နုနုနယ်နယ်ကောင်မလေး May Who ဆိုတဲ့ ထိုင်းကားလေးကိုသတိရစေမဲ့ တေလေဂူစကားပြော ဇာတ်အိမ်ဆန်းဆန်း ကျေးလက်အချစ်ဟာသရုပ်ရှင်လေးကိုတင်ဆက်ပေးချင်ပါတယ်။ ဒါမီနီဆိုတဲ့ကောင်မလေးဟာ အများနဲ့မတူဘဲ ထူးခြားတဲ့ကောင်မလေးတစ်ယောက်ပါ။ သူဟာ စိတ်လှုပ်ရှားလာရင် ခန္ဓာကိုယ်ထဲက လျှပ်စစ်ဓာတ်များလာပြီး ထိလိုက်တဲ့သူကို ဓာတ်လိုက်စေတဲ့ ကျန်းမာရေးပြဿနာတမျိုးရှိနေသူပါ။ ဒါမီနီတို့ရွာက လူအားလုံးဟာ သူ့ကြောင့်ဓာတ်လိုက်ဖူးပြီး သူ့ကိုကြောက်ကြတဲ့အတွက် ရွာကထွက်သွားအောင် ယောက်ျားမြန်မြန်ရပါစေလို့ ဆုတောင်းပေးနေကြပါတယ်။ ဒါပေမဲ့ သူ့အကြောင်းကိုသိသွားတဲ့ အိမ်ထောင်ဖက်တိုင်းက ထွက်ပြေးကြတာချည်းပါပဲ။ ဒါပေမဲ့ အိမ်ထောင်ကျ သားဦးမွေးနိုင်မှ ဘိုးဘွားအမွေရမှာမလို့ အိမ်ထောင်ဖက်လိုက်ရှာနေတဲ့ ယာဒါဂီရီဆိုတဲ့ကောင်လေးက အကြောင်းမသိပဲ ဒါမီနီကိုသဘောကျသွားလို့ မြန်းလာတဲ့အခါ။ တစ်ရွာလုံးပေါင်းပြီး ယာဒါဂီရီနဲ့ ဒါမီနီတို့ရဲ့ လက်ထပ်ပွဲအောင်မြင်ဖို့ ဝိုင်းဝန်းကြိုးစားကြပုံတွေကို ရယ်ရယ်မောမောမြင်တွေ့ရမယ့်ဟာသရုပ်ရှင်ကောင်းလေးပဲဖြစ်ပါတယ်။ File size… 2.1 GB / 1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration…. 2h 25m Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း