ဇာတ်ကားများ ရွေးရန်

Welcome Home Baby

2025ဇာတ်ကားအမှတ် 5.1/10115 မိနစ်

Welcome Home Baby (2025) ဒါရိုက်တာ Andreas Prochaska ရိုက်ကူးထားတဲ့ ဩစတြီးယား-ဂျာမနီ စိတ္တဇသရဲကား (Psychological Horror Thriller) ဟာ ၂၀၂၅ ဖေဖော်ဝါရီမှာ ပြုလုပ်ခဲ့တဲ့ (၇၅) ကြိမ်မြောက် Berlin International Film Festival (Berlinale) ရုပ်ရှင်ပွဲတော်ရဲ့ Panorama ကဏ္ဍမှာ စတင်ပြသခဲ့တဲ့ လက်ရာတစ်ခု ဖြစ်ပါတယ်။ ဘာလင်က အရေးပေါ်ဆရာဝန်မဂျူးဒစ်ဟာ ကလေးဘဝကတည်းက မွေးစားခံခဲ့ရတာကြောင့် ဩစတြီးယားကျေးလက်ဒေသမှာ မိသားစုအရင်းတွေ ရှိနေမှန်းနဲ့ ဗီလာအိမ်ကြီးတစ်လုံး အမွေရထားမှန်း မသိခဲ့ပါဘူး။ ဖခင်ဆုံးပြီးတဲ့နောက် အဲဒီအိမ်ကို သွားရောက်ရောင်းချဖို့ အမျိုးသားဖြစ်သူနဲ့အတူ ဝေးလံတဲ့ရွာလေးဆီ သွားခဲ့ပါတယ်။ ရွာကိုရောက်တဲ့အခါ သူ့ကို အဲဒီမှာပဲ မရမကဆွဲထားချင်နေတဲ့ ဒေါ်လေး Paula နဲ့ တွေ့ရပါတယ်။ အိမ်မှာ သောင်တင်နေထိုင်ရင်း ကြာလာတာနဲ့အမျှ ဂျူးဒစ်ဆီမှာ ငယ်စဉ်က ဖိနှိပ်ထားခဲ့ရတဲ့ စိတ်ဒဏ်ရာတွေ၊ ဂယောင်ခြောက်ခြားမြင်ကွင်းတွေနဲ့ အတိတ်က အမှတ်တရတွေ ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။ ကိုယ့်ရဲ့ ဇာစ်မြစ်နောက်ကွယ်က အမှောင်အတိပြီးတဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရင်းနဲ့မှ ဂျူးဒစ်ဟာ အချိန်၊ နေရာနဲ့ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်စွမ်းတွေ ပျောက်ဆုံးပြီး စိတ်ပိုင်းဆိုင်ရာ ခြောက်လှန့်မှုအဝှေ့အဝိုင်းထဲ ပိတ်မိသွားခဲ့ရပုံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းက မိခင်ဖြစ်မှုဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ၊ ကလေးမွေးဖွားခွင့်နဲ့ ရွာထဲက လူတွေရဲ့ ချုပ်ကိုင်မှုတွေကို သဘာဝဆန်တဲ့မိသားစု စိတ်ဒဏ်ရာတွေ၊ Abstract Surrealist Horror အငွေ့အသက်တွေနဲ့ ပေါင်းစပ်ထားလို့ Rotten Tomatoes နဲ့ Letterboxd တို့လို Platform တွေမှာ ဝေဖန်သူတွေကြား သုံးသပ်ချက်ကောင်းတွေ ရရှိထားပါတယ်။ စိတ်ပိုင်းဆိုင်ရာ ခြောက်လှန့်မှုတွေ၊ စိတ်ဒဏ်ရာဆိုင်ရာ အကြောင်းအရာတွေပါဝင်တာကြောင့် ၁၈ နှစ်အထက်လူကြီးတွေသာ ကြည့်ရှုဖို့ သင့်တော်ပါတယ်။ ခပ်ပေါ့ပေါ့သရဲကားမျိုးမဟုတ်တဲ့အပြင် စိတ်အပန်းပြေရုံတင်မကဘဲ စိတ္တဇဆန်ဆန်ခြောက်လှန့်တဲ့ Psychological Horror ကားကောင်းတွေ ကြိုက်သူတွေအတွက် သဘောကျစရာဖြစ်မှာပါ။ File Size - 1.7 GB/ 562 MB Quality - WEB-DL 1080p/ 720p Duration - 1h 50m Format - mp4 Genre - Horror Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း