ဇာတ်ကားများ ရွေးရန်

Saýara

2024ဇာတ်ကားအမှတ် 5.6/1098 မိနစ်

Saýara (2024) IMDb Rating (5.6) ဆာယာရာက ရွှေ့ပြောင်းအခြေချမိန်းကလေးတစ်ယောက်ဖြစ်ပြီး မစ္စတန်ဘူလ်က အားကစားခန်းမတစ်ခုမှာ သန့်ရှင်းရေးအဖြစ် အလုပ်ဝင်နေပါတယ်။ တစ်နေ့တော့ သူ့အစ်မဟာ အားကစားခန်းမပိုင်ရှင် ဘာရစ်ခ်နဲ့သူ့အပေါင်းအပါသုံးဦးရဲ့အဓမ္မကျင့်သတ်ဖြတ်ခြင်းကို ရက်စက်စွာခံလိုက်ရပါတယ်။ ဒါပေမယ့် ဘာရစ်ရဲ့အဖေက ဩဇာကြီးတဲ့ လွှတ်တော်အမတ်တစ်ယောက်ဖြစ်နေတာကြောင့် တရားဥပဒေရဲ့အကာအကွယ်နဲ့ကျူးလွန်သူတွေအားလုံးပြစ်ဒဏ်ကနေ လွတ်မြောက်သွားခဲ့ပါတယ်။ တရားဥပဒေက တရားမျှတမှုကို မဖော်ဆောင်နိုင်တဲ့နောက်မှာတော့ဖခင်ဖြစ်သူ သင်ပေးခဲ့ပြီး သူအကျွမ်းကျင်ဆုံးပညာရပ်လည်းဖြစ်တဲ့ ဆမ်ဘို(Sambo ) ကိုယ်ခံပညာနဲ့ဆာယာရား ကိုယ်တိုင် အစ်မဖြစ်သူအတွက် အဆုံးစွန်ကလဲ့စားချေဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီက ပရိသတ်တွေနဲ့မစိမ်းတဲ့ Baskin 2015 တို့ The Turkish Coffee Table 2025 တို့လို နာမည်ကျော် Horror ဇာတ်ကားတွေရဲ့ ဖန်တီးရှင် Can Evrenol ရဲ့လက်ရာဖြစ်ပါတယ်။ ဟော်ရာတွေနဲ့ နာမည်ကြီးတဲ့ ဒါရိုက်တာဖြစ်ပေမယ့် Revenge action အမျိုးအစားကိုလည်း ပိုင်ပိုင်နိုင်နိုင်ကိုင်တွယ်လက်စွမ်းပြထားပါတယ်။ ပြီးတော့ သူ့ရဲ့မူမပျက် အရိုးကျိုးအသားစုတ်ပြတ်သွားတာမျိုးတွေကို အကြမ်းပတမ်းသွေးထွက်သံယိုကွက်တွေနဲ့ပီပီပြင်ပြင်ပုံဖော်ထားပြီး ဇာတ်သိမ်းပိုင်းလှည့်ကွက်ကြီးဆိုရင် ကြမ်းချက်ပါပဲ။ ဇာတ်လမ်းသဘောအရ ဝတ်လစ်စလစ် ဇာတ်ဝင်ခန်းတစ်ချို့ပါဝင်ပါတယ်။ File size… (950 MB) / (670 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Action,Crime,Horror,Thriller Duration…. 01:38:41 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း