Woody Woodpecker
Woody Woodpecker (2017) 🐦 “အေးအေးဆေးဆေးနေချင်ရင် Woody နဲ့ မတွေ့တာအကောင်းဆုံးပဲ…” တောအုပ်ထဲမှာ ကိုယ့်နယ်မြေကိုယ် လွတ်လွတ်လပ်လပ်နေထိုင်နေတဲ့ သစ်တောက်ငှက်ကလေး ဝုဒီ ကတော့ ဆော့တတ်၊ နောက်တတ်ပြီး အရှုပ်အရှင်းဖန်တီးရာမှာတော့ အရမ်းကျွမ်းကျင်တဲ့ ငှက်ကလေးတစ်ကောင်ပါ အိမ်ခြံမြေရှေ့နေ သူဌေးကြီး လန့်စ်ဝေါ်လ်တာ ဟာ အလုပ်ထုတ်ခံလိုက်ရပြီး သူ့အဘိုးအမွေပေးထားတဲ့ မြေကွက်မှာ ခမ်းနားတဲ့ အိမ်ကြီးတစ်လုံး ဆောက်လုပ်ပြီး ပြန်ရောင်းဖို စီစဉ်နေခဲ့ပါတယ် ဒါပေမဲ့ သူဆောက်မယ့် မြေနေရာကတော့ လွတ်လွတ်လပ်လပ်နေထိုင်ပြီး ရွှင်မြူးတတ်တဲ့ သစ်တောက်ငှက်လေး ဝုဒီရဲ့ ပိုင်နက်နယ်မြေ ဖြစ်နေခဲ့တာပါ ဝုဒီကတော့ သူ့ရဲ့ အေးချမ်းတဲ့နေရာလေးထဲကို လန့်စ် နဲ့ သူ့မိသားစု ရောက်လာတဲ့အခါမှာတော့ ဝုဒီရဲ့ဘဝက ပုံမှန်အတိုင်း ဆက်သွားလိုမရတော့ပါဘူး မြေကွက်ကို ရယူပြီး အိမ်ဆောက်ချင်တဲ့ လန့်စ်နဲ့ သူ့ရဲ့ ပိုင်နက်ကို ကာကွယ်ချင်တဲ့ ဝုဒီ တိုကြားက ရယ်စရာ၊ မွှေနှောက်စရာ အပြိုင်အဆိုင်ပွဲရဲ့ အလွဲအချော်တွေကို မြင်တွေ့ရမှာပါ ကလေးတွေရော လူကြီးတွေရော ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ပြီး ရယ်မောအပန်းဖြေချင်သူတွေအတွက် သင့်တော်တဲ့ Family Comedy ကားလေး တစ်ကားပါပဲ
ဇာတ်လမ်းအကြောင်း