ဇာတ်ကားများ ရွေးရန်

Whiskey Tango Foxtrot

2016ဇာတ်ကားအမှတ် 6.3/10112 မိနစ်

ကင်မ်ဘေကာက သတင်းဌာနတစ်ခုမှာ တခြားသူတွေ ရေးထားတဲ့ သတင်းတွေနဲ့ ဆောင်းပါးတွေကို စာချောအောင် တည်းဖြတ်ပေးရသူပါ။ အမေရိကန်က အီရတ်ကို ဝင်တိုက်တဲ့အချိန်မှာ သတင်းဌာနက လူအများအပြားကို အီရတ်ဆီ ပို့လိုက်ရပါတယ်။ အဲဒီနောက် လူသိပ်မသွားချင်တဲ့ အာဖဂန်နစ္စတန်ကို ကင်မ်က စစ်သတင်းထောက်အဖြစ် သွားရဖို့ ဖြစ်လာတယ်။ ရောက်ရောက်ချင်းမှာပဲ အနံ့အသက်ဆိုးတွေ၊ လိမ်လည်တောင်းရမ်းသူတွေနဲ့ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှုတွေကို ကြုံရပါတယ်။ မူလက သုံးလလောက်ပဲ နေမယ်လို့ စိတ်ကူးထားပေမယ့် လက်တွေ့မှာတော့ အာဖဂန်နစ္စတန်မှာ သုံးနှစ်ကျော်အထိ စစ်သတင်းထောက်လုပ်ဖြစ်ခဲ့ပြီး လူသိများလာတယ်။ ဒီလောက်ကြာအောင် ဆက်နေဖြစ်ဖို့ သူ့ကို တွန်းအားပေးခဲ့တဲ့ အဖြစ်အပျက်တွေနဲ့အတူ စိတ်ဒုက္ခတွေ၊ မွန်းကျပ်မှုတွေကိုလည်း ဇာတ်လမ်းထဲမှာ တွေ့ရမှာပါ။ တကယ့်စစ်သတင်းထောက် ကင်မ်ဘေကာရဲ့ စာအုပ်ကို မှီးပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ခေါင်းစဉ်ထဲက Whiskey၊ Tango၊ Foxtrot ဆိုတာ အမေရိကန်မရိန်းတပ်ဖွဲ့တွေ စကားပြောစက်မှာ သုံးတဲ့ စကားလုံးတွေဖြစ်ပြီး အစစာလုံးတွေကို ဆက်လိုက်ရင် WTF ဖြစ်လာပါတယ်။ အလွန်စိတ်ရှုပ်တဲ့အခါ ဒါမှမဟုတ် အံ့အားသင့်တဲ့အခါ ပြောလေ့ရှိတဲ့ “What the fuck” ကို ရည်ညွှန်းထားတာပါ။

ဇာတ်လမ်းအကြောင်း