ဇာတ်ကားများ ရွေးရန်

Mag Mag

2026ဇာတ်ကားအမှတ် 7.4/10112 မိနစ်

Mag Mag (2026) ဂျပန် Horror ကားတွေရဲ့ ထုံးစံအတိုင်း ကျောချမ်းဖွယ်ရာတွေ ရို့မန့်စ်တွေနဲ့ အမုန်းတရားကို ပေါင်းစပ်ထားတဲ့ ကားသစ်လေးကို ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားကိုတော့ ဒါရိုက်တာ Yuriyan Retriever ရိုက်ကူးတင်ဆက်ပုံဖော်ထားပြီး မင်းသမီးချော Minami Sara နဲ့ မင်းသား Maeda Oshiro တို့က အဓိက ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ .. မြို့ပြရဲ့ ကြောက်စရာကောင်းလှတဲ့ ဒဏ္ဍာရီတစ်ခုနဲ့အတူ စတင်လာတဲ့ "မာဂါမာဂါ" လို့ခေါ်တဲ့ ကလဲ့စားချေစိတ် စွဲနေတဲ့ ဝိညာဉ်ဆိုးမလေး ရှိခဲ့တယ်။ သူမရဲ့ ချစ်ခြင်းကို ရရှိသွားသူတိုင်းဟာ သေခြင်းတရားနဲ့ပဲ အဆုံးသတ်ရလေ့ရှိပါတယ်။ ဆာနာအဲဆိုတဲ့အမျိုးသမီးဟာ သူ့ချစ်သူကို မာဂါဆိုတဲ့ ဝိညာဉ်ဆိုးက ရက်ရက်စက်စက် သတ်ဖြတ်တယ်လို့ သိလိုက်ရတဲ့အခါ... သူမက ချစ်သူအတွက် လက်စားချေဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတော့တယ်။ မာဂါမာဂါ ဝိညာဉ်ဆိုး သရဲမကို လက်စားချေဖို့ လိုက်လံစုံစမ်းရင်းနဲ့ နောက်ကွယ်မှာ ရှိနေတဲ့ ပိုမို ကြောက်စရာကောင်းပြီး မှောင်မိုက်လှတဲ့ အမှန်တရားကြီးကို ဖော်ထုတ်မိသွားတဲ့အခါ... မထင်မှတ်ထားတဲ့ ဇာတ်ရှိန် အပြောင်းအလဲတွေကို ထိတ်လန့်ဖွယ်ရာ မြင်တွေ့ရမဲ့ ဇာတ်ကားလေးမို့လို့ ညွှန်းဆိုလိုက်ပါတယ်နော် ။ File size…1.71GB / 793MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 53 min. Genre ….. Horror, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း