ဇာတ်ကားများ ရွေးရန်

Mor Lam Rhythm

2026ဇာတ်ကား92 မိနစ်

"ပန်းကုံးလေးတွေသာ အဆင်သင့်ပြင်ထားကြတော့... ဟောဒီက စင်မြင့်ထက်မှာ အကအခုန်တွေနဲ့ မီးပွင့်သွားစေရမယ်" ထိုင်းဟာသနဲ့ ဒရာမာကားကောင်းကောင်းလေးတွေ၊ သီချင်းမိုက်မိုက်လေးတွေ ကြိုက်တဲ့ ပရိသတ်ကြီးအတွက် ၂၀၂၆ ခုနှစ်ထွက် အသစ်စက်စက် ဂီတ၊ ဟာသနဲ့ ဒရာမာ ဇာတ်ကားလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ ဒါရိုက်တာကတော့ ထိုင်းဟာသကားတွေ ရိုက်ရာမှာ နာမည်ကြီးတဲ့ ဆရာကြီး Poj Arnon ကိုယ်တိုင် ရိုက်ကူးထားတာဖြစ်လို့ အူတက်အောင်ရယ်ရမှာတော့ အသေအချာပါပဲ။ ဒီဇာတ်ကားလေးကတော့ ယုံဆိုတဲ့ ကောင်လေးအကြောင်းကို ရိုက်ကူးထားတာပါ။ ယုံက သာမန် သင်္ဘောသီးထောင်းရောင်းတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပေမဲ့ သူ့ရင်ထဲမှာတော့ အကသမားတစ်ယောက်ဖြစ်ချင်တဲ့ အိပ်မက်အကြီးကြီးတစ်ခု ရှိနေပါတယ်။ ဒါပေမဲ့ ဘဝဆိုတာ ထင်သလိုမလွယ်ဘူးလေ။ သူ့ရဲ့ ညီမလေးက အသက်အန္တရာယ်ရှိတဲ့ ရောဂါတစ်ခု ခံစားနေရပြီး ခွဲစိတ်ဖို့အတွက် ငွေတွေ အများကြီး လိုအပ်နေတဲ့အခါ... ညီမလေးရဲ့ အသက်ကို ကယ်တင်ဖို့အတွက် ယုံတစ်ယောက် နာမည်ကြီး မောလမ်ရိုးရာဂီတအဖွဲ့ကြီးဆီမှာ ဝင်ရောက်ပြီး လူရွေးပွဲဝင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အကဝါသနာပါတဲ့ သင်္ဘောသီးထောင်းသည်လေး တစ်ယောက် ပရိုအကသမားတွေကြားမှာ ဘယ်လိုတွေ အလွဲလွဲအချော်ချော်နဲ့ ကြိုးစားမလဲ... ဟာသလေးတွေနှောထားသလို ညီမလေးအတွက် ကြိုးစားတဲ့ အစ်ကိုတစ်ယောက်ရဲ့ မေတ္တာကိုပါ ထည့်သွင်းထားလို့ ရယ်လည်းရ၊ ရင်လည်းနင့်ရမဲ့ ဇာတ်လမ်းကောင်းလေးဖြစ်တဲ့အပြင် မောလမ်ထိုင်းရိုးရာကို ခေတ်သစ်စတိုင်နဲ့ဘယ်လိုတင်ဆက်မလဲဆိုတာ စိတ်ဝင်စားဖွယ် ရှုစားလိုက်ရအောင်ပါ။

ဇာတ်လမ်းအကြောင်း