ဇာတ်ကားများ ရွေးရန်

Camp Rock 3

2026ဇာတ်ကားအမှတ် 10.0/10

၂၀၀၈ နဲ့ ၂၀၁၀ ခုနှစ်တွေတုန်းက လူငယ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ "Camp Rock" ဇာတ်လမ်းတွဲဟာ အခုဆိုရင် ဇာတ်ကားသစ် "Camp Rock 3" အနေနဲ့ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၃) ရက်နေ့မှာ Disney Channel ကနေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သလို၊ ဒီကနေ့ Page ပရိသတ်တွေထဲမှာ Camp Rock ရဲ့ ရင်းနှီးပြီးသား သီချင်းသံစဉ်တွေကို လွမ်းဆွတ်နေသူတွေ ရှိမယ်ဆိုရင်တော့ လက်မလွတ်တမ်း သွားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။ ဒီဇာတ်ကားသစ်မှာတော့ နာမည်ကျော် Connect 3 တီးဝိုင်း (Jonas Brothers) ဟာ သူတို့ရဲ့ နိုင်ငံအနှံ့ နယ်လှည့်ဖျော်ဖြေပွဲအတွက် အဖွင့်သီဆိုမယ့်သူ ရုတ်တရက် ပျက်ကွက်သွားတဲ့အတွက် ပြဿနာတက်ပါတော့တယ်။ ဒါကြောင့် အရည်အချင်းသစ်တွေကို ရှာဖွေဖို့ သူတို့ရဲ့ အချစ်တော် Camp Rock စခန်းကို ပြန်လည်ရောက်ရှိလာရာကနေ ဇာတ်လမ်းစတင်ထားပါတယ်။ အဲဒီမှာ နေရာတစ်နေရာရဖို့ စိတ်အားထက်သန်နေတဲ့ မျက်နှာသစ် ကောင်မလေး ဆေ့ချ် (Sage) ဟာ သူမရဲ့ အရည်အချင်းရှိပေမယ့် ပေါ့ပေါ့နေတတ်တဲ့ အစ်ကိုဖြစ်သူ ဒက်ဆီ (Desi) အပါအဝင် တခြားသော လူငယ်တွေနဲ့ ပြိုင်ဆိုင်ရပါတော့တယ်။ ပြိုင်ဆိုင်မှုတွေကြားကနေ တင်းမာမှုတွေ၊ ချစ်ကြည်ရင်းနှီးမှုတွေနဲ့ ဂီတရဲ့ အနှစ်သာရကို ရှာဖွေတွေ့ရှိသွားပုံတွေကို ခံစားကြည့်ရှုရမှာပါ "Camp Rock 3" ဟာ အရင်ဇာတ်ကားတွေလောက် ဂန္ထဝင်မြောက်တဲ့ အရာတစ်ခု ဖြစ်မလာနိုင်ပေမယ့်၊ ဆယ်ကျော်သက်ဘဝရဲ့ အမှတ်တရတွေကို ပြန်လည်နှိုးဆွပေးမယ့် (Feel-good Musical) ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ သီချင်းအသစ်တွေ နားထောင်ရင်း၊ ဇာတ်ကောင်ဟောင်းတွေနဲ့ ပြန်လည်ဆုံတွေ့ချင်တယ် ဆိုရင်တော့ အခုပဲ ဒီဇာတ်ကားလေးကို ခံစားကြည့်လိုက်ပါလို့ အကြံပေးချင်ပါတယ်။ File size…   2.2 GB / 1 GB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 32m Genre ..... Drama , Musical , Comedy Subtitle…. Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း