HIGUMA!! The Killer Bear
HIGUMA: The Killer Bear (2025) ဒီဇာတ်ကားကတော့ Survival Thriller ကြိုက်တဲ့ပရိသတ်တွေအတွက် ဒါရိုက်တာ Eisuke Naito ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Fuku Suzuki ၊ Wan Marui နဲ့ Takashi Ukaji တို့အဓိက ပါဝင်ထားပါတယ်။ ဆိုရာဟာ ဂိမ်းကို အရမ်းဝါသနာကြီးပြီး ကိုယ်တိုင်လည်း ဂိမ်းတစ်ခုဖန်တီးထားတဲ့ ၁၈နှစ်အရွယ် ကျောင်းသားလေးဖြစ်ပါတယ်။ ဆိုရာ တက္ကသိုလ်ဝင်ခွင့်ရကြောင်း သိရပြီး နောက်တစ်နေ့မှာ ဆိုရာ့အဖေက အလိမ်ခံလိုက်တဲ့ အွန်လိုင်းအကြွေးတွေကြောင့် သတ်သေသွားခဲ့ပါတယ်။ ဆိုရာ့အမေဟာ ဆိုရာ့ကို တက္ကသိုလ်ပို့နိုင်ဖို့အပြင် ယောက်ျားရဲ့အကြွေးတွေကိုပါ ဆပ်ပေးရဖို့ ရှိနေပါတယ်။ စိတ်ဓာတ်ကျနေတဲ့ဆိုရာဟာ ပိုက်ဆံရှာဖို့အတွေးပေါ်လာပြီး အွန်လိုင်းမှာ တွေ့လိုက်တဲ့ ပစ္စည်းသွားပို့တဲ့ တရားမဝင် အလုပ်ကို စပြီးလုပ်မိသွားပါတယ်။ ငွေပေးနှုန်းတိုးလာလေ အလုပ်တာဝန်ပိုခက်ခဲလေပါ။ နောက်ဆုံး သူလက်ခံမိတဲ့အလုပ်က ပြန်ပေးဆွဲလာတဲ့မိန်းကလေးကို တောထဲခေါ်သွား သတ်ပစ်ပြီး အဲဒီမိန်းကလေးဆီက ပြောင်ခေါင်းစိမ်းကျောက်ကို အလုပ်ရှင်ဆီ ပြန်အပ်ရမှာဖြစ်ပါတယ်။ ဆိုရာတို့ လူငယ်လေးတွေ လူမသတ်ရဲဘဲ တွန့်ဆုတ်နေကြချိန် ဧရာမဝက်ဝံကြီး ရုတ်တရက်ပေါ်လာကာ လူတွေကို လိုက်လံသတ်ဖြတ်ပါတော့တယ်။ အသက်ဘေးကနေ လွတ်အောင် ပြေးရင်း အတူပူးပေါင်းမိသွားတဲ့ ဆိုရာနဲ့အဲဒီမိန်းကလေးတို့ လူသတ်ဝက်ဝံကြီးလက်က လွတ်အောင်ထွက်ပြေးရင် ပြောင်ခေါင်းစိမ်းကျောက်ကို အလုပ်ရှင်ဆို ပေးအပ်နိုင်ပါ့မလားဆိုတာ... File Size - 2.6 GB/ 923 MB Quality - WEB-DL 1080p/ 720p Duration - 1h 40m Format - mp4 Genre - Crime, Horror Subtitle - Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း