ဇာတ်ကားများ ရွေးရန်

Aroopi

2026ဇာတ်ကားအမှတ် 9.0/10115 မိနစ်

Aroopi 2026 ပြန်ရောက်လာတော့ ကံကြမ္မာများ IMDb 6.1 ဟိုးရှေးရှေးတုန်းက ပတ်ဒ်မီနီလို့ခေါ်တဲ့ နတ်သမီးသဖွယ် လှပတဲ့အဆင်းနဲ့ မိန်းကလေးတစ်ယောက်ရှိသတဲ့။ ဘဝရဲ့ ဆုတောင်းခြင်းတွေနဲ့ပြည့်စုံလေတော့ မြင်သမျှလူတိုင်းက ချစ်ကြ ခင်ကြနဲ့ပေါ့။ ဒီလိုပြီးပြည့်စုံနေတော့ လိုချင်ကြတဲ့လူက ခပ်များများ ဒီထဲမှာ သူ့ရဲ့မောင်ဝမ်းကွဲ ဒါသန်လည်း ပါတာပေါ့။ ဒါသန်ကတော့ အောက်လမ်းပညာတွေ လိုက်စားတဲ့ စုန်းကဝေတစ်ယောက် ပတ်ဒ်မီနီလေးကိုပိုင်ဆိုင်ရဖို့ဆို ဘာမဆိုလုပ်မဲ့လူမျိုး။ ပတ်ဒ်မီနီရဲ့ နှလုံးသားထဲမှာတော့ သူ့အတွက်နေ‌ရာမရှိဘဲ စူရီယန်ဆိုတဲ့အမျိုးသားလေးပဲရှိနေခဲ့ပါတယ်။ ဒါကို ဒါသန်က မကျေနပ် မပိုင်ဆိုင်ရတဲ့အဆုံး ပတ်ဒ်မီနီလေးကို ရက်ရက်စက်စက် သ-တ်ပစ်လိုက်ပါတော့တယ်။ ချစ်တဲ့လူနဲ့ ‌ေ-သကွဲကွဲရ ၊ လုပ်ကြံခံလိုက်ရတဲ့ ဒီကောင်မလေးက နောက်ဆုံး သူတို့ရွာလေးမှာပဲ အငြိုးအတေးကြီးမားတဲ့ ဘီလူးမတစ်ယောက် ဖြစ်သွားပါတော့တယ်။ သူမကြောင့် လူအသေအပျောက်များလာတော့ ပြောင်းပေးတဲ့လူကပြေးနဲ့ နောက်ဆုံးမှာ သူမချစ်သူကိုယ်တိုင်က သူမကို ပန်ချာလိုဟာဆိုတဲ့ ရုပ်ထုထဲ ချိတ်ပိတ်ထည့်သွင်းလိုက်ရပါတော့တယ်....။ မျက်မှောက်ခေတ်မှာလည်း ဒီအကြောင်းကို ရှေးလူကြီးတွေ လက်ဆင့်ကမ်းလာကြလို့ လူငယ်အတော်များများ ကြားဖူးနားဝရှိပြီး ရင်းနှီးကြတယ်ပေါ့။ တစ်နေ့ သူခိုး၂ယောက်က သူမကိုချိတ်ပိတ်ထားတဲ့ရုပ်ထုကို ခိုးယူမိတဲ့အခါမှာတော့....အတိတ်က အရိပ်တွေ အသစ်တဖန်ပေါ်လာပြီး ဘာတွေဆက်ဖြစ်သွားမလဲ ကြည့်လိုက်ရအောင်။ File size… 1.45 GB / 811 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration…. 1h 55m Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း