All Around
၂၀၂၆ ခုနှစ်ထွက် All Around ဆိုတဲ့ရုပ်ရှင်ကားလေးဟာ ဟာသ မိသားစုနဲ့ ခရီးသွားဘဝအကြောင်းကို ပေါင်းစပ်ရိုက်ကူးထားတဲ့ Rom-Comedy ဇာတ်ကားတစ်ကား ဖြစ်ပါတယ် အဖေ့ရဲ့ အကြွေးတွေကို သားက ဆက်ခံရမလား... ဒါမှမဟုတ် အဖေထားခဲ့တဲ့ လျှို့ဝှက်ချက်တွေက သူ့ဘဝကို ပြောင်းလဲပေးမလား...ကျန်ရှောင်ပိုင်ဟာ အဖေဖြစ်သူ ကျန်သာ့မင်ရဲ့ အကြွေးတွေကြောင့် အကြွေးရှင်တွေရဲ့ ဖိအားပေးခြင်းကို ခံနေရတဲ့ လူငယ်တစ်ယောက်ပါ…တစ်နေ့မှာတော့ သူ့အဖေ ဆုံးပါးသွားကြောင်း သိလိုက်ရပြီး၊ အဖေက သူ့အတွက် အာမခံစာချုပ်တစ်စောင် ထားခဲ့တာကြောင့် အာမခံကြေးထုတ်ယူဖို့ ချန်ရှားကို သွားရဖို့ ဖြစ်လာပါတယ် အဖေ့ရဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ ဦးလေးချန်ဟောက်က ရှောင်ပိုင်ကို စောင့်ရှောက်ဖို့ တာဝန်ယူပြီး သူနဲ့အတူ ချန်ရှားကို လိုက်ပို့ပေးပါတယ်…ခရီးလမ်းမှာ ကားပျက်သွားရာကနေ နာရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ပြီး Live လွှင့်တဲ့ ဝမ်ချိချိနဲ့ တွေ့ဆုံကြပြီး မတော်တဆအဖြစ်အပျက်တွေကြားက သူမပါ ခရီးအတူလိုက်လာပါတော့တယ် အစပိုင်းမှာတော့ ရှောင်ပိုင်ဟာ အဖေ့ကို အကြွေးတွေချန်ထားခဲ့တဲ့အတွက် မကျေနပ်ဘဲ မုန်းတီးနေခဲ့ပါတယ်…ဒါပေမဲ့ ခရီးတစ်လျှောက် ဦးလေးချန်နဲ့ စကားပြောရင်း အဖေဟာ မိသားစုကို ကောင်းမွန်တဲ့ဘဝပေးချင်တဲ့စိတ်နဲ့ အကြွေးတွေတင်ခဲ့တာ သူငယ်ချင်းတွေ အခက်အခဲတွေ့ရင်လည်း ကိုယ့်မှာရှိသမျှကို ကူညီပေးတတ်တဲ့သူဖြစ်ကြောင်း တဖြည်းဖြည်း သိလာရတဲ့အခါ တစ်ဖက်မှာတော့ ဝမ်ချိချိဟာ ရှောင်ပိုင်တို့ဆီမှာရှိတဲ့ အာမခံစာချုပ်ကို ခိုးယူဖို့ အပြင်လူတွေက ဖိအားပေးခံထားရတဲ့အခါ ဒီခရီးစဉ်က သူတို့သုံးယောက်အတွက် အာမခံကြေးထုတ်ယူဖို့ သွားတဲ့ခရီးတစ်ခုထက် ပိုမိုလာပါတယ်…ဦးလေးချန်ကလည်း နှစ်ပေါင်းများစွာ ကွာဝေးနေခဲ့တဲ့ သမီးနဲ့ ပြန်လည်ရင်းနှီးဖို့ အခွင့်အရေးရလာပြီး သမီးဖြစ်သူကလည်း ဖခင်ဟာ သူမအတွက် အကောင်းဆုံးပေးချင်ခဲ့ပေမယ့် အရေးကြီးတဲ့အချိန်တွေမှာ အနားမှာ မရှိပေးနိုင်ခဲ့တာကို နားလည်လာပါတယ် နောက်ဆုံးမှာတော့ အဖေဖြစ်သူရဲ့ အတိတ်နဲ့ လျှို့ဝှက်ချက်တွေကို ရှောင်ပိုင် ဘယ်လိုနားလည်လာမလဲ သူတို့သုံးယောက်ရဲ့ ခရီးစဉ်က ဘယ်လိုအဆုံးသတ်မလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုခံစားလိုက်ကြရအောင် Filesize : 1.40 GB / 783 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Drama and Comedy Runtime : 1h 39 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်လမ်းအကြောင်း