ဇာတ်ကားများ ရွေးရန်

Zombies of the Third Reich

2025ဇာတ်ကားအမှတ် 5.5/1075 မိနစ်

Zombies of the Third Reich (2025) +++++++++++++++ ဒီကားဟာ ဒုတိယကမ္ဘာစစ်နောက်ခံနဲ့ နာဇီဇွန်ဘီတွေကို အခြေခံထားတဲ့ Horror / Action B-Grade ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိန်နဲ့အမေရိကန်မဟာမိတ်တပ်ဖွဲ့က အထူးစစ်ဆင်ရေးအဖွဲ့တစ်ဖွဲ့ဟာ ပြင်သစ်မှာရှိတဲ့ နာဇီတို့ရဲ့ လျှို့ဝှက်နူကလီးယားဘန်ကာတစ်ခုကို သတင်းအချက်အလက်ယူဖို့ ဝင်ရောက်စုံစမ်းကြပါတယ်။ ဘန်ကာထဲရောက်တဲ့အခါ လူမရှိဘဲ စွန့်ပစ်ထားတဲ့နေရာလို့ ထင်ရပေမယ့် တကယ်တော့ နာဇီတွေဟာ စူပါစစ်သည်တော်တွေ ဖန်တီးဖို့ နူကလီးယားစမ်းသပ်မှုတွေလုပ်ရင်း အမှားအယွင်းဖြစ်ကာ ဘန်ကာထဲကလူတွေအားလုံး သွေးဆာနေတဲ့ စူပါဇွန်ဘီတွေအဖြစ် ပြောင်းလဲသွားခဲ့တာပါ။ မဟာမိတ်စစ်သည်အဖွဲ့ဟာ ဘန်ကာထဲကနေ အသက်ရှင်လွတ်မြောက်ဖို့နဲ့ ဒီဇွန်ဘီကူးစက်မှုကို အပြင်မပျံ့နှံ့သွားအောင် အသက်လုတိုက်ခိုက်ကြရတဲ့ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ဒီကားက Budget နည်းနည်းနဲ့ ရိုက်ထားတဲ့ B-Movie အမျိုးအစားဖြစ်တာကြောင့် Visual effects တွေ၊ သရုပ်ဆောင်မှုနဲ့ ဇာတ်လမ်းပိုင်းတွေက အားနည်းချက်များပါတယ်။ နာဇီဇွန်ဘီ Theme ကိုမှ ပေါ့ပေါ့ပါးပါး ခေါင်းထဲအများကြီးမထည့်ဘဲ ကြည့်ချင်သူတွေအတွက် အဆင်ပြေပါလိမ့်မယ်။ File Size… (1.00GB) / (634MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 15m Genre …Horror Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း