ဇာတ်ကားများ ရွေးရန်

DEMO

2025ဇာတ်ကား45 မိနစ်

DEMO (2025) ဒီကားဟာ စကြဝဠာကြီးကို ကယ်တင်ဖို့ ကြိုးစားကြတဲ့ ရုံးဝန်ထမ်းနှစ်ယောက်ရဲ့အလွဲတွေကို ရိုက်ကူးထားတဲ့ ၄၅ မိနစ်စာ Sci-Fi / Action-Comedy Indie ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ Zach နဲ့ Tyler ဆိုတဲ့ လူငယ်နှစ်ယောက်ဟာ D.E.M.O. (Department of Energy and Matter Organization) ဆိုတဲ့ ဌာနမှာ လစာနည်းနည်းပဲရတဲ့ အခြေခံဝန်ထမ်းတွေ ဖြစ်ကြပါတယ်။ တစ်နေ့မှာတော့ သူတို့ရုံးက ဟောင်းနွမ်းနေတဲ့စက်ပစ္စည်းတွေကို ကိုင်တွယ်ရင်း အမှားအယွင်းတစ်ခု ဖြစ်သွားခဲ့ပါတယ်။ ဒီအမှားကြောင့် "အချိန်နဲ့အာကာသသန္တာန် (Time-Space Continuum)" မှာ အပေါက်ကြီးတစ်ခု ပွင့်သွားခဲ့ပြီး စကြဝဠာကြီးတစ်ခုလုံး ပျက်စီးသွားနိုင်တဲ့ "Reverse Big Bang" ဆိုတဲ့ အန္တရာယ်ကြီး စတင်လာပါတော့တယ်။ ဒီတော့ ဒီငပျင်းဝန်ထမ်းနှစ်ယောက်ဟာ သူတို့ရဲ့ အလုပ်ချိန်မပြီးခင် အချိန်မီ စကြဝဠာကြီးကိုကယ်တင်ဖို့အတွက် မမျှော်လင့်ဘဲ အချိန်လု တိုက်ပွဲဝင်ကြရပါတော့တယ်။ ဒီကားက ကြာချိန် ၄၅ မိနစ်ပဲ ရှိတာကြောင့် ခေါင်းရှုပ်မခံဘဲ မြန်မြန်ဆန်ဆန်နဲ့ အပြုံးမပျက်ကြည့်လို့ရတဲ့ Indie Sci-Fi ဟာသကား ပေါ့ပေါ့ပါးပါးမျိုးကို ကြိုက်တတ်သူတွေအတွက် သင့်တော်ပါတယ်။ File Size - 847 MB/ 344 MB Quality - AMZN WEB-DL 1080p/ 720p Duration - 45mins Format - mp4 Genre - Action, Comedy, Sci-Fi Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း