Dread
ပိုးဟပ်ကိုကြောက်တာ၊ အမှောင်ကိုကြောက်တာ၊ လူတွေနဲ့ ပြောဆိုဆက်ဆံရမှာ ကြောက်တာလို လူတိုင်းမှာ အကြောက်တရား ကိုယ်စီရှိကြပါတယ်။ တချို့အတွက် သာမန်ကြောက်ရွံ့မှုလောက်ပဲ ဖြစ်ပေမဲ့ တချို့ကတော့ အလွန်အမင်း စိတ်ချောက်ချားထိတ်လန့်ကြတယ်။ အဲဒီလို ထိတ်လန့်မှုတွေရဲ့ နောက်ကွယ်မှာ ဘယ်လိုစိတ်ဒဏ်ရာနဲ့ အကြောင်းရင်းတွေရှိသလဲဆိုတာကို ကျောင်းသားသုံးယောက်က ကျောင်းသုတေသနစာတမ်းအတွက် လေ့လာဖို့ စီစဉ်ကြပါတယ်။ သူတို့သုံးယောက်မှာလည်း စိတ်ဒဏ်ရာကိုယ်စီ ရှိနေကြတယ်။ တခြားသူတွေရဲ့ အကြောက်တရား၊ ထိတ်လန့်မှုနဲ့ ကြုံခဲ့ရတဲ့အတွေ့အကြုံတွေကို မေးမြန်းပြီး ဗီဒီယိုရိုက်ကူးကြပါတယ်။ ဒါပေမဲ့ သူတို့ထဲကတစ်ယောက်က ကိုယ့်အကြောက်တရားကို ကျော်လွှားဖို့ တခြားသူတွေရဲ့ ထိတ်လန့်မှုကို အလွဲသုံးစားလုပ်လာတော့တယ်။ အခုတ်အထစ်နဲ့ အကြမ်းဖက်ပြကွက်တွေ ပါဝင်တဲ့ ထိတ်လန့်သည်းဖိုဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း