ဇာတ်ကားများ ရွေးရန်

Nothing Between Us

2026ဇာတ်ကားအမှတ် 5.4/1090 မိနစ်

Nothing Between Us (2026) ဒီကားက အာဂျင်တီးနားဒါရိုက်တာ Juan Taratuto ရိုက်ကူးပြီး ကမ္ဘာကျော်မင်းသား Gael García Bernal နဲ့ မင်းသမီး Natalia Oreiro တို့ ခေါင်းဆောင်ပါဝင်ထားတဲ့ Romantic Comedy-Drama ရုပ်ရှင်လေး ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် ဂွီလာမို (Guillermo) နဲ့ မယ်ချီ (Mechi) တို့ဟာ နိုင်ငံမတူပေမယ့် တူညီတဲ့နိုင်ငံတကာကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်နေကြသူတွေပါ။ နှစ်ယောက်လုံးဟာ ကိုယ့်ရဲ့ ရိုးအီနေတဲ့ ဘဝနဲ့ အိမ်ထောင်ရေးအဆင်မပြေမှု စိတ်ဓာတ်ကျစရာတွေကို အသီးသီး ရင်ဆိုင်နေကြရပါတယ်။ အရေးပေါ် စီးပွားရေးခရီးစဉ်တစ်ခုနဲ့ ကာရေဘီယံက သာယာလှပတဲ့ကမ်းခြေအပန်းဖြေစခန်းတစ်ခုမှာ ရောက်ရှိနေတုန်း မနက်စောစော ငလျင်လှုပ်သလိုဖြစ်ရာကနေ ကမ်းခြေမှာ မထင်မှတ်ဘဲ သွားဆုံကြပါတယ်။ ဒီလိုတွေ့ဆုံမှုကနေတစ်ဆင့် နှစ်ယောက်ကြားမှာ ခံစားချက်တွေ လျှင်မြန်စွာ ပေါက်ဖွားလာပြီး၊ သူတို့ရဲ့ ရှိရင်းစွဲမိသားစု၊ စည်းကမ်းတွေနဲ့ တကယ့်စိတ်ဆန္ဒအမှန်တွေကြားမှာ ဘာကိုရွေးချယ်ရမလဲဆိုတာ ပြန်လည်သုံးသပ်ကြရမယ့် ရိုမန်းတစ် ဒရမ်မာကားလေး ဖြစ်ပါတယ်။ လူလတ်ပိုင်းတွေရဲ့ အချစ်ရေးနဲ့ အိမ်ထောင်ရေးဆိုင်ရာ အမေးပုစ္ဆာတွေကို သဘာဝကျကျနဲ့ ရိုမန်းတစ်ဆန်ဆန်ရိုက်ပြထားတဲ့ လက်တင်အမေရိက စတိုင် ရုပ်ရှင်ကောင်းတွေကို နှစ်သက်သူတွေအတွက် အထူးသင့်တော်ပါတယ်။ File Size - 1.4 GB/ 457 MB Quality - WEB-DL 1080p/ 720p Duration - 1h 32m Format - mp4 Genre - Comedy, Romance Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း