ဇာတ်ကားများ ရွေးရန်

Oye Bhole Oye 2

2026ဇာတ်ကား142 မိနစ်

Oye Bhole Oye 2(2026) ရွာဆော် IMDb(7.3/10) ဒီဇာတ်ကားကတော့ ၂၀၂၄ ခုနှစ်မှာ ရုံတင်ခဲ့တဲ့ နာမည်ကြီး ပန်ချာပီ ဟာသနဲ့ ဒရာမာရုပ်ရှင် "Oye Bhole Oye" ရဲ့ နောက်ဆက်တွဲ ပဲဖြစ်ပါတယ်။အရင်အပိုင်းတုန်းက ရွာမှာ အလုပ်အကိုင်အတည်တကျမရှိဘဲ လေလွင့်နေတတ်ပေမဲ့ စိတ်သဘောထားဖြူစင်တဲ့ ရွာသားလေး ဘိုလာ ဟာ အခုတော့မြေဆီလွှာကို ချစ်မြတ်နိုးတဲ့ ဘိုလာ ဖြစ်လာပါပြီ။ ကော်ပိုရေးရှင်းကုမ္ပဏီကြီးတစ်ခုက ရွာရဲ့ ဘိုးဘွားပိုင်မြေများကို ငွေကြေးအမြောက်အမြားပေးပြီး ဝယ်ယူရန် ကြိုးပမ်းလာတဲ့အခါ ရွာသူရွာသားများနဲ့ ဘိုလာရဲ့ မိသားစုဝင်များကပါ မက်မောပြီး ရောင်းချဖို့ သဘောတူခဲ့ကြပါတယ်။ ဒါပေမဲ့ ဘိုလာ ကတော့ ဘိုးဘွားပိုင်မြေကို ငွေကြေးထက် ပိုပြီးတန်ဖိုးထားတာကြောင့် တစ်ယောက်တည်း ပြတ်ပြတ်သားသား ငြင်းဆန်ဆန့်ကျင်ခဲ့တာပေါ့။ အစပိုင်းမှာတော့ မိသားစုရဲ့ ဖိအားနဲ့ ရွာသားများရဲ့ အထင်လွဲမှုများကြားမှာတစ်ယောက်တည်း ရုန်းကန်ခဲ့ရသော်လည်း ကုမ္ပဏီကြီးရဲ့ ကောက်ကျစ်တဲ့ လျှို့ဝှက်အကြံအစည်တွေကို စုံစမ်းဖော်ထုတ်ရင်း အများသူငါရဲ့ ပိုင်ဆိုင်မှုကို ကာကွယ်ရန် တိုက်ပွဲဝင်ဖို့ဖြစ်လာတဲ့အခါမှာ... ဘိုလာ တစ်ယောက် ရွာသူရွာသားတစ်ရပ်လုံးကို မည်သို့စည်းရုံးပြီး မိမိတို့ရဲ့ အမွေအနှစ်မြေယာများကို ကာကွယ်သွားမလဲဆိုတာကို ဟာသနှောကာ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size… 2.4 GB / 1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း