ဇာတ်ကားများ ရွေးရန်

Open Season 2

2008ဇာတ်ကားအမှတ် 5.9/1076 မိနစ်

Open Season 2 (2008) ပထမကားရဲ့ အောင်မြင်မှုအပြီး Direct-to-Video အဖြစ် ထွက်ရှိလာခဲ့ပြီး၊ မုဆိုးတွေနဲ့ တိုက်ခိုက်ရတဲ့ တောတွင်းစစ်ပွဲကနေ "တောရိုင်းတိရစ္ဆာန်များ vs အိမ်မွေးတိရစ္ဆာန်များ" ဆိုတဲ့ ဟာသဆန်ဆန် အားပြိုင်မှုဘက်ကို ဦးတည်ပြောင်းလဲသွားမယ့် ဒုတိယကားလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ပထမကားအပြီး သမင်ပေါက်စ Elliot ဟာ သူ့ရဲ့ ချစ်သူသမင်မလေး Giselle နဲ့ မင်္ဂလာဆောင်ဖို့ ပြင်ဆင်နေချိန်မှာ အိမ်ထောင်သည်ဘဝရဲ့ တာဝန်တွေကို ကြောက်ရွံ့ပြီး မင်္ဂလာဆောင်ကနေ ထွက်ပြေးဖို့ အကြောင်းပြချက် ရှာနေပါတယ်။ အဲဒီအချိန်မှာပဲ ပထမကားတုန်းက တောထဲရောက်လာခဲ့တဲ့ အိမ်မွေးခွေးပုလေး Mr. Weenie ကို သူ့ရဲ့ မူလပိုင်ရှင်တွေက အမှတ်မထင် ပြန်တွေ့ပြီး အိမ်မွေးတိရစ္ဆာန် အပန်းဖြေစခန်း (Pet Resort) ဆီ ပြန်ခေါ်သွားကြပါတယ်။ အီလီယက်က မင်္ဂလာပွဲကို ရွှေ့ဆိုင်းဖို့ အခွင့်အရေးရသွားပြီး Boog အပါအဝင် တောတွင်းတိရစ္ဆာန်တစ်အုပ်လုံးကို စုစည်းပြီးတော့ Mr. Weenie ကို သွားရောက်ကယ်တင်မယ်ဆိုပြီး လူတွေရဲ့ အပန်းဖြေစခန်းဆီ ခရီးထွက်ခဲ့ကြပြီး လမ်းမှာ တလွဲတွေလုပ် ပေါက်ကရတွေဖြစ် နောက်ပြီး အပန်းဖြေစခန်းမှာလည်း တောရိုင်းတိရစ္ဆာန်တွေကို ရွံရှာမုန်းတီးပြီး အိမ်မွေးတိရစ္ဆာန်တွေကို ဦးဆောင်နေတဲ့ ပုဒယ်ခွေးဖြူ Fifi နဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါ ဘာတွေဆက်ဖြစ်လာကြမလဲဆိုတာကတော့.....။

ဇာတ်လမ်းအကြောင်း