Open Season 3
Open Season Franchise ရဲ့ တတိယမြောက် Direct-to-Video ကားဖြစ်ပြီး၊ ဒီတစ်ခေါက်မှာတော့ ဝက်ဝံကြီး Boog ရဲ့ အထီးကျန်ဆန်မှုနဲ့ "ရုရှားဆပ်ကပ်အဖွဲ့ (Russian Circus)" ဆီကို လမ်းလွဲရောက်ရှိသွားတဲ့ အလွဲဟာသတွေကို အဓိက အသားပေး ပုံဖော်ထားပါတယ်။ ဇာတ်လမ်းလေးက ပြောရမယ်ဆိုရင် နှစ်စဉ်ပြုလုပ်နေကျ ယောကျ်ားလေးသီးသန့် ခရီးထွက်ပွဲ ကို သွားဖို့ Boog က စိတ်လှုပ်ရှားနေပေမဲ့၊ Elliot အပါအဝင် သူ့သူငယ်ချင်းတွေအားလုံးမှာ ကိုယ်စီ အိမ်ထောင်တွေ၊ သားသမီးတွေနဲ့ အလုပ်ရှုပ်နေကြတာကြောင့် ဘယ်သူမှ မလိုက်နိုင်တော့ပါဘူး။ စိတ်ပျက်လက်ပျက်နဲ့ တစ်ယောက်တည်း ခရီးထွက်လာတဲ့ Boog ဟာ လည်ပတ်နေတဲ့ ရုရှားဆပ်ကပ်အဖွဲ့တစ်ခုဆီ ရောက်သွားပါတယ်။ အဲဒီမှာ သူ့နဲ့ ရုပ်ချင်းတစ်ထေရာတည်းတူတဲ့ Doug ဆိုတဲ့ ဆပ်ကပ်ဝက်ဝံနဲ့ ဆုံတွေ့ပြီး၊ အပြင်လောကမှာ လွတ်လွတ်လပ်လပ် နေချင်တဲ့ Doug ရဲ့ လှည့်စားမှုကြောင့် Boog ဟာ နေရာချင်း လဲလှယ်ခံလိုက်ရပါတယ်။ ဆပ်ကပ်ထဲမှာ ရောက်နေတဲ့ Boog ဟာ အာဂျင်တီးနားနိုင်ငံသူ ဝက်ဝံမလေး Ursa နဲ့ ချစ်ကြိုက်သွားပြီး ဆပ်ကပ်ဖျော်ဖြေပွဲတွေ လုပ်နေရချိန်မှာ၊ တောထဲမှာ ကျန်ခဲ့တဲ့ Elliot နဲ့ သူငယ်ချင်းတစ်စုကတော့ Doug ဟာ Boog အစစ်မဟုတ်မှန်း ရိပ်မိသွားပြီး ဆပ်ကပ်အဖွဲ့ ရုရှားကို မပြန်ခင် Boog ကို သွားရောက်ကယ်တင်ဖို့ ကြိုးစားကြတာတွေကို ထုံးစံအတိုင်း ပျော်ပျော်ရွှင်ရွှင် ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်....။
ဇာတ်လမ်းအကြောင်း