ဇာတ်ကားများ ရွေးရန်

Paying for It

2025ဇာတ်ကားအမှတ် 6.7/1085 မိနစ်

Paying for It (2025) ဒီဇာတ်လမ်းက ကာတွန်းရေးဆရာ Chester Brown ရဲ့ သူ့အကြောင်း ဖြစ်ရပ်မှန်ကို ရေးထားတဲ့ ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ လူရိုးလူအဖြစ်တဲ့ ကာတွန်းဆရာ Chester Brown က TV host တစ်ယောက်ဖြစ်တဲ့ သူနဲ့ရေရှည်တွဲလာတဲ့ ချစ်သူကောင်မလေး Sonny Lee နဲ့ ပြတ်သွားခဲ့ပါတယ်။ အကြောင်းကတော့ Sonny က တခြားသူတစ်ယောက်ကို စိတ်ဝင်စားပြီး ပွင့်လင်းတဲ့‌ဆက်ဆံရေးကို လိုချင်လာလို့ပါ။ ဒါကြောင့် အချစ်ကို စိတ်နာသွားတဲ့ Chris လည်း Sonny နဲ့ မိသားစုလို သူငယ်ချင်းဆက်ဆံရေးအနေနဲ့ပဲ ဆက်နေရင်း ပွင့်လင်းတဲ့ဆက်ဆံရေး ရအောင်လုပ်ပြမယ်ဆိုပြီး လိင်လုပ်သားအမျိုးသမီးတွေ တစ်ယောက်ပြီးတစ်ယောက်နဲ့ ပိုက်ဆံပေး အိပ်ပါတော့တယ်။ Chris နဲ့ Sonny က တစ်အိမ်တည်း အတူတူနေကြတဲ့ ရည်းစားတွေဖြစ်တာမို့ ပြတ်သွားတဲ့နောက်မှာလည်း အခန်းဖော်သူငယ်ချင်းတွေအနေနဲ့ အတူနေကြပြီး Sonny က တခြားသူတွေနဲ့ ဒိတ်တဲ့အချိန် Chris ကတော့ လိင်လုပ်သားတွေနဲ့ လိုက်အိပ်ပါတော့တယ်။ ဒီလိုနဲ့ Chris တစ်ယောက် သူ့ရဲ့အသစ်အဆန်း အတွေ့အကြုံတွေကနေ သဘောပေါက်နားလည်မှုတွေရလာပြီး သူနဲ့ Sonny ကြားက ဆက်ဆံရေးကို နောက်ဆုံးမှာ ဘယ်လိုအဓိပ္ပါယ်ဖွဲ့ဖို့ လက်ခံကြမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုလို့ရပါတယ်။ File size… (1.4 GB) / (730 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Drama Duration…. 01:25:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း