ဇာတ်ကားများ ရွေးရန်

Go Go 70s

2008ဇာတ်ကားအမှတ် 7.0/10118 မိနစ်

Go Go 70s (2008) ဒီကားလေးကတော့ ၁၉၇၀ ပြည့်နှစ်တွေက တောင်ကိုရီးယားနိုင်ငံရဲ့ တကယ့် ဖြစ်ရပ်မှန် သမိုင်းကြောင်းနဲ့ တစ်ခေတ်တစ်ခါက နာမည်ကြီးကျော်ကြားခဲ့တဲ့ Devils အဖွဲ့ရဲ့ ဖြစ်ရပ်မှန်များကို အခြေခံပြီး ကိုရီးယား ရော့ခ်ဂီတ ပထမမျိုးဆက်ကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။   ၁၉၇၀ ပြည့်နှစ်တွေက တောင်ကိုရီးယားနိုင်ငံမှာ အာဏာရှင် စုစည်းအုပ်ချုပ်မှုကြောင့် နေဝင်မီးငြိမ်း အမိန့်ရယ် သီချင်းတွေကို စစ်ဆေးပိတ်ပင်မှုတွေရယ်နဲ့ ဆံပင်ရှည် / စကတ်တို ဝတ်ဆင်ခွင့် ပိတ်ပင် ထားတဲ့အထိ တင်းကျပ်လွန်းတဲ့ ခေတ်ကာလတစ်ခု ဖြစ်ခဲ့ပါတယ်။   ဇာတ်လမ်းမှာ ပါဝင်တဲ့ တီးခတ်သီဆိုမှုတွေကို ဇာတ်လိုက်ကျော်ကြီး ဆန်းဂယူ (Cho Seung-woo) နဲ့ မီမီ (Shin Min-a) တို့က တီးဝိုင်းတွေနဲ့ မူရင်းအတိုင်း တကယ် တီးခတ် သီဆိုကပြ ဖျော်ဖြေထားတာဖြစ်လို့  ဂီတဇာတ်ဝင်ခန်းတွေက အရမ်းသဘာဝကျပြီး ရော့ခ်သီချင်းကြိုက်နှစ်သက်တဲ့ ပရိသတ်တွေ အတွက်တော့ အကြိုက်ဖြစ်မှာ သေချာပါတယ်။   ခေတ်စနစ်က ဘယ်လိုပဲ ပိတ်ပင်ထားပါစေ..ဂီတနဲ့အတူ လူငယ်သဘာဝ ပျော်ရွှင်လွတ်လပ်ခွင့်တွေကို အရယူဖို့ ကြိုးစားကြတဲ့ လူငယ်တွေရဲ့ တက်ကြွရဲရင့်မှုနဲ့ သံယောဇဉ်ကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ File Size - 3.3GB/ 1.5 GB Quality - WEB-DL 1080p/ 720p Duration - 1h 58m Format - mp4 Genre - Comedy, Music Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း