ဇာတ်ကားများ ရွေးရန်

I Wish I Had a Wife

2001ဇာတ်ကားအမှတ် 6.6/10123 မိနစ်

I Wish I Had A Wife (2001) Kill Boksoon, Good News ရုပ်ရှင်တွေထဲက Sul Kyung Gu နဲ့ Jeon Do Yeon တို့ရဲ့ IMDb 6.3 ရှိတဲ့ Rom-Com ရုပ်ရှင်လေး တင်ဆက်ပေးလိုက်ပါတယ်။ ဘဏ်ဝန်ထမ်းဖြစ်တဲ့ ဘုံဆူ (Sul Kyung-Gu) ဟာ တစ်နေ့ အလုပ်သွားရင်း မြေအောက်ရထား ရုတ်တရက် အရေးပေါ်အခြေအနေနဲ့ ရပ်သွားချိန်မှာ ဘေးကလူတွေ ဖုန်းဆက်နေကြတာကို ကြည့်ရင်း သူ့မှာ ဖုန်းဆက်စရာ လူတစ်ယောက်မှ မရှိကြောင်း သတိထားမိသွားပါတယ်…။ ဒီလိုကနေ တစ်ကိုယ်တည်းသမားဖြစ်နေတဲ့ သူ့ကိုယ်သူ အားငယ်လာသလို အထီးကျန်မှုကိုလည်း ခံစားလာရပြီး ဘေးမှာဇနီးတစ်ယောက်ရှိရင်ကောင်းမှာပဲလို့ တွေးလာရပါတယ်…။ သူ မသိတာကတော့ သူအလုပ်လုပ်တဲ့ ဘဏ်မျက်နှာချင်းဆိုင် သင်တန်းကျောင်းက ဝန်းဂျူ (Jeon Do-Yeon) ဆိုတဲ့ ဆရာမလေးဟာ သူ့ကို တိတ်တခိုး ချစ်နေခဲ့တာပါ။ ခေါက်ဆွဲဆိုင်နဲ့ ဘတ်စ်ကားမှတ်တိုင်တွေမှာ အမြဲ ဆုံနေပေမဲ့ ဘုံဆူကတော့ ဝန်းဂျူ ရှိနေမှန်းကို သတိမထားမိပါဘူး။ တစ်နေ့တော့ ဘဏ်က CCTV ပြန်ကြည့်ရင်း CCTV မှာ သူ့နာမည်ကို သနားစဖွယ် အော်ခေါ်နေတဲ့ တစ်စုံတစ်ယောက်ကို ဘုံဆူ တွေ့သွားခဲ့ပါတယ်။ ဒီလိုကနေ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေး ဘယ်လိုဆက်ဖြစ်လာမလဲ… ဘုံဆူရော အထီးကျန်ဘဝကနေ လွတ်မြောက်နိုင်မလား…ဝန်းဂျူရဲ့ အချစ်ကိုရော ဘုံဆူ မြင်မိပြီး လက်ခံလာမှာလား...။ File Size - 2.3 GB/ 933 MB Quality - WEB-DL 1080p/ 720p Duration - 1h 46m Format - mp4 Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း