Attack the Gas Station!
Attack the Gas Station (1999) "Attack the Gas Station!" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးဟာ ၁၉၉၉ ခုနှစ်မှာ ဒါရိုက်တာ Kim Sang-jin က ရိုက်ကူးထားပြီး၊ မင်းသား Lee Sung-jae၊ Yoo Oh-sung၊ Kang Sung-jin နဲ့ Yoo Ji-tae တို့က အဓိကပါဝင် သရုပ်ဆောင်ထားတဲ့ Action, Comedy ဇာတ်ကားလေးပါ။ ဒီဇာတ်ကားဟာ လူ့အဖွဲ့အစည်းရဲ့ အပယ်ခံဖြစ်နေကြပြီး ဘဝမှာ မျှော်လင့်ချက် ပျောက်ဆုံးနေတဲ့ လူငယ်လေး ၄ ယောက်အကြောင်းကို ရိုက်ကူးထားတာပါ။ အကြောင်းပြချက် မရှိ၊ ရည်ရွယ်ချက် ကြီးကြီးမားမားလည်း မရှိဘဲ ပျင်းစရာကောင်းလှတဲ့ ညတစ်ညမှာ ဓာတ်ဆီဆိုင်တစ်ဆိုင်ကို အဝင်ဓားပြတိုက်ရာကနေ ဇာတ်လမ်းက စတာပါပဲ။ ဒါပေမဲ့ ဓာတ်ဆီဆိုင်ကို စီးနင်းလိုက်ပြီးတဲ့နောက်မှာတော့ ငွေရရုံနဲ့ မပြီးဘဲ ဆိုင်ရှင်နဲ့ ဝန်ထမ်းတွေကို ဓားစာခံလုပ်၊ ဆိုင်လာသမျှ ဝယ်သူတွေကိုလည်း တစ်ယောက်ပြီးတစ်ယောက် ဖမ်းဆီးထားရင်း ပရမ်းပတာ အလွဲပေါင်းစုံ ဖြစ်လာပါတော့တယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ စနစ်ကြီးတစ်ခုလုံးနဲ့ သူတို့ကို ဖိနှိပ်ထားတဲ့ အသိုင်းအဝိုင်းကို သူတို့တတ်နိုင်တဲ့ နည်းနဲ့ မကျေနပ်ကြောင်း တုံ့ပြန်ပြရင်း၊ ဘဝရဲ့ အဓိပ္ပာယ်မဲ့မှုထဲကနေ လွတ်မြောက်မှုတစ်ခုကို ခဏတာ ရှာဖွေချင်တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ရဲတွေ၊ မာဖီးယားဂိုဏ်းတွေ၊ ကျောင်းသားဂိုဏ်းတွေနဲ့ ဆိုင်အတွင်းက ပဋိပက္ခတွေ ကြီးလာတဲ့အခါ… သူတို့ရဲ့ ဒီဆိုးသွမ်းလှတဲ့ ညတစ်ည ရွေးချယ်မှုဟာ ဘယ်လိုအဆုံးသတ်သွားပါမလဲ?... တဟားဟား ရယ်မောရမယ့် ဟာသတွေနဲ့အတူ လူငယ်တွေရဲ့ အထီးကျန်မှု၊ ဒေါသနဲ့ ပုန်ကန်ချင်စိတ်တွေကို ဒဲ့တိုးပြထားတဲ့ စိတ္တဇဆန်ဆန် စိတ်ထွက်ပေါက်ရစေမယ့် ဇာတ်ကားလေးကို အတူတူ ကြည့်ရှုခံစားလိုက်ကြရအောင်ပါနော်။ File Size - 1.6 GB/ 774 MB Quality - WEB-DL 1080p/ 720p Duration - 1h 51m Format - mp4 Genre - Action, Comedy Subtitle - Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း