ဇာတ်ကားများ ရွေးရန်

Attack the Gas Station 2

2010ဇာတ်ကားအမှတ် 5.9/10111 မိနစ်

Attack the Gas Station 2 (2010) "Attack the Gas Station 2" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးဟာ ၂၀၁၀ ပြည့်နှစ်မှာ ဒါရိုက်တာ Kim Sang-jin ကပဲ မူရင်းဇာတ်ကားရဲ့ အဆက်အဖြစ် ပြန်လည်ရိုက်ကူးထားပြီး၊ မင်းသား Ji Hyun-woo၊ Jo Han-sun နဲ့ မင်းသားကြီး Park Yeong-gyu တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က ဓာတ်ဆီဆိုင် စီးနင်းခံခဲ့ရတဲ့ ဆိုင်ရှင်သူဌေးဘတ် အကြောင်းကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ၁၀ နှစ်လုံးလုံး ဒုက္ခပေးသူတွေ၊ လူမိုက်တွေရဲ့ နှောင့်ယှက်မှုကို ခံခဲ့ရတဲ့ သူဌေးဘတ်တစ်ယောက်ဟာ ဒီတစ်ခေါက်မှာတော့ အလျှော့မပေးတော့ဘဲ လက်စားချေဖို့ ပြင်ဆင်ပါတော့တယ်။ သူက ဆိုင်ကို လာရောက်စီးနင်းမယ့် သောင်းကျန်းသူတွေကို ပြန်လည်တိုက်ခိုက်ဖို့အတွက် လူ၄ယောက်ကို ခန့်လိုက်ပါတော့တယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ တိုက်ခိုက်သူတွေကို ပညာပေး လက်စားချေပြီး သူ့ရဲ့ ဓာတ်ဆီဆိုင်လေးမှာ အေးအေးချမ်းချမ်းနဲ့ လွတ်လပ်စွာ စီးပွားရှာချင်တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူငှားလိုက်တဲ့ ဝန်ထမ်းအသစ်တွေကလည်း သာမန်လူတွေ မဟုတ်ကြဘဲ လစာကြွေးကျန်တွေ တောင်းရာကနေ ဆိုင်ရှင်နဲ့ ပဋိပက္ခဖြစ်ကာ၊ ‌အထူးတပ်ဖွဲ့တွေ၊ လူမိုက်ဂိုဏ်းတွေ၊ ထောင်ပြေးတွေ၊ ဘာမှမသိတဲ့ ကျောင်းသားတွေပါ ထပ်ရောက်လာတဲ့အခါ… အခြေအနေတွေက ပိုမိုရှုပ်ထွေးပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်လာပါတော့တယ်။ 1999ခုနှစ်မှာ ထွက်ထားတဲ့ပထမကားထက် ပိုပြီးဆန်းသစ်တဲ့ ဟာသဆန်ဆန် စိတ္တဇဆန်ဆန် ရိုက်ကွက်တွေနဲ့ ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ "အမုန်းတရားနဲ့ လက်စားချေခြင်း" က တကယ်ပဲ အဖြေတစ်ခု ဟုတ်မဟုတ်ဆိုတာကို ပေါ့ပေါ့ပါးပါးလေး ပြန်လည်တွေးတောစေမဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ သူ့ရဲ့ ပထမအပိုင်းဖြစ်တဲ့ Attack the Gas Station 1999 ကို အရင်ဆုံးကြည့်ပြီးမှ ဒီကားလေးကိုပါ ဆက်ကြည့်ရင်း လက်တွေ့ဘဝမှာ ခံစားနေရတဲ့ အလုပ်ခွင်အတွင်း ဖိနှိပ်မှု စိတ်ကျဥ်းကျပ်မှုတွေကို အတူတူဖြေလျှော့လိုက်ကြရအောင်နော်.. File Size - 1.6 GB/ 766 MB Quality - WEB-DL 1080p/ 720p Duration - 1h 51m Genre - Action, Comedy Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း