Mr. Gam’s Victory
Mr.Gam's Victory (2004) ၁၉၈၂ ခုနှစ်မှာ ကိုရီးယား ပရိုဘေ့စ်ဘောလိဂ် စတင်တည်ထောင်ချိန်က Sammi Superstars အသင်းရဲ့ ဂျာစီနံပါတ် ၂၈ ကို ဝတ်ဆင်ခဲ့တဲ့ လက်ဝဲပစ်ဘောလုံးသမား ဂမ်ဆာယုံးရဲ့ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ စိတ်ဓာတ်ခွန်အားပေး ရုပ်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ စက်ရုံဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဂမ်ဆာယုံးဟာ ဘေ့စ်ဘောကစားရတာကို အလွန်ဝါသနာပါသူတစ်ယောက်ဖြစ်ပြီး ကိုရီးယား ပရိုဘေ့စ်ဘောလိဂ် စတင်ချိန်မှာ Sammi Superstars အသင်းရဲ့ လူရွေးပွဲကနေတစ်ဆင့် ပရိုဘေ့စ်ဘောကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ အသင်းက ရှုံးပွဲတွေ ဆက်တိုက်ကြုံနေရသလို၊ ဂမ်ဆာယုံးကိုလည်း အရေးကြီးတဲ့အချိန်တွေမှာသာ လူစားဝင်အသုံးပြုခံရတဲ့ “Defeat Pitcher” တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ သို့သော် သူဟာ ဘယ်လိုအခက်အခဲတွေကြုံရပါစေ အရှုံးမပေးဘဲ ဆက်လက်ကြိုးစားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သမိုင်းဝင် ဘေ့စ်ဘောကစားသမားကြီးတစ်ဦးနဲ့ ရင်ဆိုင်ကစားရမယ့် အခွင့်အရေးကို ရရှိလာတဲ့အခါ... ဒီဇာတ်ကားမှာ ကိုရီးယားရုပ်ရှင်လောကရဲ့ ဝါရင့်မင်းသားကြီး Lee Beom-soo က အဓိကဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ဂမ်ဆာယုံးရဲ့ ဘေ့စ်ဘောပစ်ဟန်ကို ပီပြင်စွာ သရုပ်ဖော်နိုင်ဖို့ လပေါင်းများစွာ အပြင်းအထန် လေ့ကျင့်ခဲ့ရပါတယ်။ ဒီဇာတ်ကားနဲ့အတူ မင်းသား Lee Beom-soo ဟာ Max Movie Awards မှာ “အကောင်းဆုံး ခေါင်းဆောင်မင်းသားဆု” (Best Actor) ကိုလည်း ဆွတ်ခူးရရှိခဲ့ပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်များက ကိုရီးယား ပရိုဘေ့စ်ဘောလောကရဲ့ အငွေ့အသက်ကို ခံစားရမှာဖြစ်သလို၊ မျှော်လင့်ချက်နည်းပါးနေတဲ့ အခြေအနေတွေကြားကနေ ကိုယ့်ရဲ့ ရည်မှန်းချက်အတွက် အရှုံးမပေးဘဲ အကောင်းဆုံးကြိုးစားခဲ့တဲ့ ဘေ့စ်ဘောကစားသမား ဂမ်ဆာယုံးရဲ့ ဇာတ်လမ်းကိုလည်း တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ File Size - 1.6 GB/ 769 MB Quality - WEB-DL 1080p/ 720p Duration - 1h 54m Format - mp4 Genre - Comedy, Drama Subtitle - Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း