ဇာတ်ကားများ ရွေးရန်

SPEC: Heaven

2012ဇာတ်ကားအမှတ် 7.2/10119 မိနစ်

SPEC: Heaven (2012) IMDb Rating (7.2) နာမည်ကြီး SPEC: Birth TV Series အပြီးမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေအပြီးမှာ ဆက်လက်ဖြစ်ပွားခဲ့တဲ့ အကြောင်းအရာတွေကို ရုပ်ရှင်ဇာတ်လမ်းအနေနဲ့ ရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပြီး စီးရီးထဲမှာ ပါဝင်ထားတဲ့ မင်းသား Ryo Kase နဲ့ မင်းသမီး Erika Toda နဲ့ အခြားသရုပ်ဆောင်များကပဲ ပြန်လည်ပါဝင် သရုပ်ဆောင်ထားပါတယ်။ ရဲအရာရှိနှစ်ယောက်ဖြစ်တဲ့ တိုမာဆာယာနဲ့ ဆဲဘူမိတို့နှစ်ယောက်က သာမန်လူတွေထက် သာလွန်တဲ့ Spec စွမ်းအားရှင်တွေရဲ့ ကမ္ဘာကို စိုးမိုးချင်တဲ့ အစီအစဉ်ကို တားဆီးကြမှာဖြစ်ပါတယ်။ တစ်နေ့မှာ တိုကျို ပင်လယ်ကွေ့ထဲမှာ မျောပါလာတဲ့ သင်္ဘောကြီးတစ်စီးကနေ ရဲတပ်ဖွဲ့ဆီ သတင်းဆိုးတစ်ခု ရောက်ရှိလို့လာခဲ့ပါတယ်။ အဲဒီသင်္ဘောပေါ် ရောက်သွားတဲ့အချိန်မှာ နွေရာသီ ပူပူလောင်လောင်အချိန်ကြီးမှာတောင် သင်္ဘောတစ်ခုလုံးဟာ အေးခဲနေပြီး သင်္ဘောပေါ်မှာ ပါတဲ့လူမှန်သမျှဟာလည်း အေးခဲတောက်နေပြီး မမ်မီကြီးတွေလိုမျိုး ဖြစ်နေတာကို မြင်လိုက်ရပါတော့တယ်။ ဒီဆန်းကြယ်လွန်းတဲ့ လူသတ်မှုကို စုံစမ်းဖို့အတွက် အထူးမှုခင်းစုံစမ်းရေးဌာနက စုံထောက်မလေး တိုမာ ဆာယာနဲ့ ဆဲဘူမိတို့ တာဝန်ပေးခံလိုက်ရပြီး စုံစမ်းစစ်ဆေးမှုတွေအရ ဒီဖြစ်ရပ်ဟာ သာမန်လူသတ်မှုမဟုတ်ဘဲ သSpec စွမ်းအားရှင်တွေ စုစည်းထားတဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုကနေ ကမ္ဘာ့အာဏာပိုင်တွေကို စိန်ခေါ်လိုက်တဲ့ "ရိုးရှင်းတဲ့ အစီအစဉ်" ရဲ့ ပထမဆုံး စစ်ဆင်ရေး ဖြစ်နေမှန်း သိလိုက်ရတဲ့အခါမှာတော့....... တိုဘာရဲ့ ထက်မြက်လှတဲ့ ဦးနှောက်နဲ့ ဆဲဘူမိရဲ့ ကြမ်းတမ်းတဲ့ အက်ရှင်တွေ ပေါင်းစပ်ပြီး ကမ္ဘာကြီးကို ပရမ်းပတာဖြစ်အောင်လုပ်နေတဲ့ စွမ်းအားရှင်တွေကို ဘယ်လိုအသေအလဲ တားဆီးမလဲဆိုတာကို ရင်သပ်ရှုမောဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ File Size : 2..28GB/ 970MB Quality : BluRay 1080p/ 720p Format : mp4 Duration : 2hr 01m Genre : Comedy, Crime, Drama, Fantasy, Mystery Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း