Adorable Humans (aka) Yndige Mennesker
Adorable Humans (2025) IMDb Rating (5.7) The Little Mermaid, The Ugly Duckling တို့လိုနာမည်ကျော် နတ်သမီးပုံပြင်တွေရဲ့ဖန်တီးရှင်စာရေးဆရာကြီးအိတ်ချ်စီ အန်ဒါဆင်ရဲ့ ပုံပြင် ၄ ပုဒ်ကို ခေတ်ပြိုင်ပုံစံ အိမ်မက်ဆိုးဗားရှင်းနဲ့ပြန်အသက်သွင်းထားတာဖြစ်ပါတယ်။ "The Dead Man" ဂျိုးနတ်စ်ဆိုတဲ့ လူနာစောင့်ကောင်လေးတစ်ယောက်ဟာ သေလုမျောပါးလူနာအဘိုးကြီးတစ်ယောက်ကိုစောင့်ရှောက်ရင်း ပရိုဖက်ရှင်နယ် စည်းကျော်မိရာကနေ ရာဂအမှောင်ထု အိမ်မက်ဆိုးတွေထဲသက်ဆင်းသွားရတဲ့ပုံပါ။ "The Story of a Mother" ကတော့ သားဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့ မိခင်တစ်ယောက်၊နာကျင်မှုနဲ့စိတ်ပျက်အားငယ်မှုတွေက သူ့ကိုစိတ်ခြောက်ခြားစရာရွေးချယ်မှုတွေလုပ်မိအောင်တွန်းပို့သွားပုံကိုရှုစားရမှာဖြစ်ပါတယ်။ "The Snow Queen" ဘ၀သစ်စဖို့ နေရာသစ်တစ်ခုကိုပြောင်းလာတဲ့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ဘ၀တွေထူးဆန်းတဲ့ မှန်တစ်ချပ်နဲ့မျက်နှာဖုံးစွပ်လူတစ်ယောက်သူတို့ဘ၀ထဲကိုရောက်လာတဲ့အချိန်မှာ ကမောက်ကမဖြစ်ကြရပုံကိုဘော်ဒီဟော်ရာဆန်ဆန်တင်ဆက်ထားတာပါ။ "Auntie Toothache" နာမည်ကြီးချင်တဲ့ ဂီတပညာရှင်လူငယ်လေးတစ်ယောက် အရမ်းအရေးကြီးနေချိန်ကျမှ သီချင်းသစ်ရေးဖို့စိတ်ကူးဘယ်လိုမှ အသစ်ထွက်မလာချိန်မှာ သူ့ရဲ့ပဟေဠိဆန်ဆန်အဒေါ်ဖြစ်သူကို သွားအကူအညီတောင်းရာကနေ ကြောက်စရာလောကနဲ့ပတ်သက်မိပြီး အိမ်မက်ဆိုးတွေကိုလက်တွေ့ရင်ဆိုင်ရပုံကိုတွေ့မြင်ရမှာပါ။ ဝေဖန်သူတွေကတော့ ပုံပြင်တွေကိုအလှအပတွေနဲ့တန်ဆာမဆင်ပဲ ခေတ်ပြိုင်ပုံစံနဲ့ကိုစိတ်ခြောက်ခြားစရာမူရင်းပုံစံခွက်ထဲဆွဲခေါ်နိုင်တာကိုသဘောကျကြပါတယ်။ Jump Scares တွေထက် တစ်ဖြည်းဖြည်း မွန်းကျပ် ဖိစီးလာစေမယ့် ဝန်းကျင် အငွေ့အသက်တွေကိုစနစ်တကျဖန်တီးထားပြီးစိတ်ပိုင်းဆိုင်ရာပြိုလဲမှုတွေကိုအဓိက ဗဟိုပြုချဉ်းကပ်ထားတာပါ။ ဇာတ်လမ်းအချင်းချင်းလည်း အချိတ်အဆက်ပါးပါးလေးတွေရှိလို့ ဟော်ရာပရိသတ်တွေ သဘောကျကြမယ့် Horror Anthology ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (1.5 GB) / (850 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror Duration…. 01:57:15 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း