ဇာတ်ကားများ ရွေးရန်

Girl in the Picture

2022ဇာတ်ကားအမှတ် 7.3/10101 မိနစ်

၁၉၉၀ ပြည့်နှစ်မှာ အသက်နှစ်ဆယ်အရွယ် မိန်းကလေးတစ်ယောက် ကားတိုက်ခံရပြီး သေဆုံးသွားပါတယ်။ ဆရာဝန်တွေ စစ်ဆေးကြည့်တဲ့အခါ ကားတိုက်မှုကြောင့်ရတဲ့ ဒဏ်ရာတွေအပြင် တခြားဒဏ်ရာတွေလည်း သူ့ကိုယ်ပေါ်မှာ တွေ့ရတယ်။ ရဲတွေက သာမန်ယာဉ်တိုက်မှုတစ်ခုထက် ပိုနိုင်တယ်လို့ ယူဆပြီး စုံစမ်းရာက သူ့ဘဝအကြောင်း တဖြည်းဖြည်း ပေါ်လာပါတယ်။ သူ့ခင်ပွန်းဟာ သူ့ထက် အသက်နှစ်ဆလောက် ကြီးသူဖြစ်ပြီး မိန်းကလေးက အဖော်အချွတ်ကလပ်မှာ အလုပ်လုပ်နေခဲ့တယ်။ ဆက်စုံစမ်းတော့ ဒီမြို့မှာ လင်မယားလို့ သိထားကြတဲ့ သူတို့နှစ်ယောက်ကို နောက်မြို့တစ်မြို့မှာတော့ သားအဖအဖြစ် သိထားကြောင်း တွေ့လာရပါတယ်။ သူတို့နဲ့အတူ သားလေးတစ်ယောက်လည်း ရှိနေခဲ့တယ်။ မိန်းကလေးဟာ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရသလို ငွေအတွက် တခြားအမျိုးသားတွေနဲ့ အိပ်ခိုင်းတာကိုလည်း ခံခဲ့ရသူပါ။ သူဟာ ဉာဏ်ကောင်းပြီး အင်ဂျင်နီယာဘာသာရပ်အတွက် ပညာသင်ဆုရထားခဲ့တဲ့၊ အင်ဂျင်နီယာဖြစ်ချင်တဲ့ အိပ်မက်ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီဖြစ်ရပ်မှန် မှတ်တမ်းရုပ်ရှင်က သူ ဆယ်စုနှစ်တစ်ခုကျော် ဖြတ်သန်းခဲ့ရတဲ့ အနိုင်ကျင့်ခံဘဝကို ပြန်ဖော်ပြရင်း သူ့သေဆုံးမှုနောက်က အကြောင်းရင်းနဲ့ သူ့အပေါ် ဒီလိုလုပ်ခဲ့သူအကြောင်း ရဲတွေ စုံစမ်းဖော်ထုတ်ပုံကို လိုက်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း