ဇာတ်ကားများ ရွေးရန်

Gone

2026ဇာတ်ကား

ဗွေးဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ဘန်ကောက်မှာကျောင်းပြီးတဲ့နောက် ကျန်းမာရေးမကောင်းတဲ့အဘွားကိုပြုစုဖို့ အမေ့ရွာကိုပြန်လာခဲ့ပါတယ်။ မင့်ဟာ နာမကျန်းဖြစ်နေတဲ့အမေကိုပြုစုကုသရင်း ပထွေးဖြစ်သူ‌"ထိမ်"နဲ့နေရတာပါ။ မင့်ရဲ့အမေဟာ အကြောင်းအရင်းရှာမရတဲ့ရောဂါကြောင့် ညဆိုကယောင်ကတမ်းတွေမြင်ရတဲ့အပြင် တင်မ်ဆိုတဲ့သူရဲ့နာမည်ကို တသသရွတ်နေတတ်ပါတယ်။ တနေ့မှာ အဘွားရပ်ဟာ မင့်နဲ့စကားပြောနေရင်း နောက်တနေ့မနက်မှာပဲ အသတ်ခံလိုက်ရပါတယ်။ လူသတ်တရားခံရှာမတွေ့တဲ့အပြင်ကိုမှ ရွာမှာလည်း တနေ့တခြား လူသေအလောင်းတွေတိုးတိုးလာပါတယ်။ ဗွေးဟာ ‌သေဆုံးသူအိမ်ထံ ထပ်မံသွားခဲ့ရာ မသင်္ကာစရာပစ္စည်းတစ်ချို့ကိုတွေ့ပြီး သူကြီးဆီ‌သွားပြောပါတော့တယ်။ ဒီမသင်္ကာစရာအမှုတွေထဲဝင်ပါမိတဲ့ ဗွေးတစ်ယောက် ဘာတွေကြုံတွေ့ရမလဲ။ တကယ့်အမှန်တရားကဘာလဲ။ တကယ်ပဲလူတွေပြောနေကြသလို သရဲကြောင့်လား။ ရွာမှာတကယ်လူသတ်သမားရှိနေရဲ့လားဆိုတာအပြင် "မင့်"ရဲ့အမေကရော ဘာကြောင့်အမြဲနေမကောင်းဖြစ်နေရတာလဲ။ ဒီမသင်္ကာစရာကိစ္စတွေအားလုံးရဲ့ နောက်ကွယ်ကအမှန်တရားဟာ ဘာများဖြစ်နေလိမ့်မလဲဆိုတာကို ခြောက်ခြားစရာကောင်းအောင် ကြည့်ရှူရမှာပဲဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း