ဇာတ်ကားများ ရွေးရန်

Chompoo: Lost​ &​ Forgotten

2026ဇာတ်ကားအမှတ် 6.3/1085 မိနစ်

"တရားခံက ဘယ်သူလဲဆိုတာထက်... လူ့အသိုင်းအဝိုင်းရဲ့ စိတ်နေစိတ်ထားက ဘယ်လောက်တောင် ဖောက်ပြန်နေသလဲဆိုတာ မြင်ရမယ့် အမှန်တရား" True Crime ဇာတ်ကားကောင်းတွေ ရှာနေတဲ့ ပရိသတ်တွေအတွက် ၂၀၂၆ ခုနှစ်မှာ အသစ်စက်စက် ထွက်ရှိထားတဲ့ ထိုင်းဖြစ်ရပ်မှန် မှတ်တမ်းရုပ်ရှင်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားလေးကတော့ နက်ဖလစ်ထွက် Chompoo: Lost & Forgotten ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအစကတော့ ၂၀၂၀ ခုနှစ် မေလတုန်းက ထိုင်းနိုင်ငံ မุဒါဟန်နယ်က ဝေးလံခေါင်ဖျားတဲ့ ရွာလေးတစ်ရွာမှာ ချွန်ပူးလို့ခေါ်တဲ့ အသက် (၃) နှစ်အရွယ် မိန်းကလေးတစ်ယောက် ရုတ်တရက် ပျောက်ဆုံးသွားရာကနေ စတင်ပါတယ်။ ရှာဖွေရေးအဖွဲ့တွေက သူ့ရဲ့အလောင်းကို အိမ်နဲ့ ကီလိုမီတာအနည်းငယ်ဝေးတဲ့ တောင်ကုန်းပေါ်မှာ ရက်အနည်းငယ်အကြာမှ ရှာတွေ့ခဲ့ကြတယ်။ အမှုက ရိုးရှင်းမလိုနဲ့ ရှုပ်ထွေးနေပြီး ရဲတွေအနေနဲ့ ချက်ချင်းအဖြေရှာမရဘဲ အခက်တွေ့နေချိန်မှာတော့ ပြည်သူတွေနဲ့ မီဒီယာတွေကြားမှာ ထင်ကြေးပေးမှုတွေ အကြီးအကျယ် ထွက်ပေါ်လာပါတော့တယ်။ စုံစမ်းစစ်ဆေးမှုတွေ ကြန့်ကြာလာတာနဲ့အမျှ မီဒီယာတွေရဲ့ အာရုံစိုက်မှုက သေဆုံးသူလေးရဲ့ ဦးလေးဖြစ်သူ ချိုင်ဖုန် "ဦးလေးဖုန်" ဝီဖာ ဆီကို ရောက်သွားပြီး သူဟာ ဒီအမှုရဲ့ အဓိက သံသယရှိသူ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဒီမှတ်တမ်းရုပ်ရှင်ရဲ့ အထိတ်လန့်စရာအကောင်းဆုံးအပိုင်းက အခုမှစတာပါ။ အဓိက သံသယတရားခံဖြစ်တဲ့ ဦးလေးဖုန်ဟာ လူမှုအသိုင်းအဝိုင်းရဲ့ ဖယ်ကျဉ်ခြင်းကို ခံရမယ့်အစား ဆိုရှယ်မီဒီယာပေါ်မှာ ဧရာမအောင်မြင်မှုတွေ ရရှိသွားပြီး တစ်ဖက်က ချွန်ပူးလေးရဲ့အဖေနဲ့အမေဟာ ဆိုရှယ်မီဒီယာတစ်ခွင်မှာ တစ်ဖက်သတ် တိုက်ခိုက်ခံရတော့တာပါပဲ။ သူဟာ YouTube ကနေ ငွေတွေရှာနိုင်ခဲ့သလို၊ Music Video တွေမှာတောင် ပါဝင်သရုပ်ဆောင်လာရတဲ့အထိ နာမည်ကြီး ဆယ်လီတစ်ယောက်လို အဆင့်အတန်းမျိုး ရရှိသွားခဲ့ပါတယ်။ ကလေးငယ်တစ်ယောက်ရဲ့ အသက်ဆုံးရှုံးမှုနောက်ကွယ်က အမှန်တရားဟာ ဘာလဲ။ မီဒီယာတွေနဲ့ လူထုရဲ့ အာရုံစိုက်မှုတွေကြားမှာ သံသယတရားခံတစ်ယောက်က ဆယ်လီဖြစ်သွားတဲ့ ဆိုရှယ်မီဒီယာခေတ်ရဲ့ အမှောင်ခြမ်းကို စိတ်ဝင်စားဖွယ် ဖော်ထုတ်တင်ဆက်ထားတဲ့ ဒီ Documentary ကို True Crime Fan တွေ အခုပဲ ပြေးကြည့်လိုက်ကြပါတော့ဗျာ။

ဇာတ်လမ်းအကြောင်း