ဇာတ်ကားများ ရွေးရန်

The Animal

2001ဇာတ်ကားအမှတ် 5.1/1084 မိနစ်

မာဗင်ဟာ ရဲဖြစ်ခဲ့တဲ့ အဖေ့လိုပဲ ရဲတစ်ယောက်ဖြစ်ချင်ပေမယ့် အရည်အချင်းမမီလို့ ဝင်ခွင့်စာမေးပွဲ ဖြေတိုင်း ကျနေသူပါ။ ရဲစခန်းမှာလည်း လူတိုင်းရဲ့ အထင်သေးတာကို ခံနေရတယ်။ သူသဘောကျနေတဲ့ မိန်းကလေးကတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို စိတ်ဝင်စားပြီး တိရစ္ဆာန်တွေကို ချစ်တတ်သူတစ်ယောက်ပါ။ တစ်နေ့ စခန်းကလူတွေ ဘောလုံးပွဲသွားကြည့်နေတုန်း ဓားပြမှုတစ်ခုအတွက် ဖုန်းဝင်လာပါတယ်။ အရာရှိတွေကို ဆက်သွယ်လို့ မရတဲ့အဆုံး မာဗင်က ကိုယ်တိုင်သွားကူဖို့ ထွက်လာပေမယ့် လမ်းမှာ ကားမှောက်ပြီး သေလုနီးပါး ဖြစ်သွားတယ်။ ပြန်နိုးလာတဲ့အခါ နောက်တစ်နေ့ပဲ ရှိသေးတယ်လို့ ထင်နေခဲ့တာပါ။ တကယ်တော့ သူပျောက်နေခဲ့တာ ရှစ်ရက်လောက် ရှိသွားပြီ။ အဲဒီနောက် မာဗင်ဟာ တိရစ္ဆာန်အမျိုးမျိုးလို ပြုမူမိပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းမရတဲ့အချိန်တွေ ရှိလာပါတယ်။ အကြောင်းရင်းက ကားမှောက်နေတဲ့ သူ့ကို သိပ္ပံပညာရှင်ဆရာဝန်တစ်ယောက် တွေ့သွားပြီး အသက်ကယ်ဖို့ လိုအပ်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို တိရစ္ဆာန်အင်္ဂါတွေနဲ့ အစားထိုးခွဲစိတ်ပေးခဲ့လို့ပါ။ တဖြည်းဖြည်းနဲ့ တိရစ္ဆာန်စိတ်က လူသားစိတ်ကို လွှမ်းမိုးလာတဲ့အခါ သူ့အပြုအမူတွေက ပိုပြီး ပရမ်းပတာဖြစ်လာတယ်။ Rob Schneider သရုပ်ဆောင်ထားတဲ့ သိပ္ပံစိတ်ကူးယဉ်ဟာသဖြစ်ပြီး မာဗင်ရဲ့ ခွေးတစ်ကောင်လို ပြုမူပုံတွေ၊ မိတ်လိုက်ချင်စိတ်ကို မထိန်းနိုင်တာတွေကို ဟာသအဖြစ် ထည့်ထားပါတယ်။ အဖော်အချွတ်နဲ့ အိပ်ရာခန်းတွေ မပါပေမယ့် လိင်အကြောင်း ဟာသတွေတော့ ပါဝင်ပါတယ်။

ဇာတ်လမ်းအကြောင်း