ဇာတ်ကားများ ရွေးရန်

World Ends at Camp Z

2021ဇာတ်ကားအမှတ် 3.8/1090 မိနစ်

Julian ဟာ စခန်းချခရီးထွက်လို့ရတဲ့ Camping La taque မှာ ငယ်ငယ်ကတည်းက ကြီးပြင်းလာသူပါ။ တစ်ကမ္ဘာလုံး ကပ်ရောဂါဖြစ်နေတဲ့အချိန်မှာ သူအလွန်ချစ်တဲ့ ဒီနေရာကို ဦးလေးစတန်နဲ့ ဦးလေးရဲ့သူငယ်ချင်းတို့က ရောင်းဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဝယ်ဖို့ စိတ်ဝင်စားနေတဲ့ Aaaron Prince နဲ့ သူ့ချစ်သူလည်းဖြစ်၊ ရှေ့နေလည်းဖြစ်တဲ့ Venessae တို့အုပ်စုက နေရာကို ကြိုတင်လေ့လာဖို့ ရောက်လာကြတယ်။ ဝယ်ပြီးရင်လည်း ဘာမှမပြောင်းဘဲ ဒီအတိုင်းထားမယ်လို့ Venessae က Julian ကို နှစ်သိမ့်ပြောဆိုထားပေမယ့် Aaaron Prince တို့ရဲ့ တကယ့်ရည်ရွယ်ချက်က အဲဒီလို မဟုတ်ပါဘူး။ Julian ကတော့ ဒီနေရာ မရောင်းဖြစ်အောင် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေပါတယ်။ အဲဒီအချိန်မှာ ကပ်ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်က မမျှော်လင့်ထားတဲ့ ပုံစံနဲ့ မျိုးဗီဇပြောင်းလဲသွားပါတော့တယ်။

ဇာတ်လမ်းအကြောင်း