ဇာတ်ကားများ ရွေးရန်

100 Liters of Gold

2025ဇာတ်ကားအမှတ် 7.0/1088 မိနစ်

100 Liters of Gold (2025) ဒီ Finland ဟာသဇာတ်လေးမှာ Pirkko နဲ့ Taina က ဆာတီချက်လုပ်တဲ့ လူလတ်ပိုင်း အရက်သမား ညီအစ်မနှစ်ယောက်ပေါ့။ ဆာတီဆိုတာက ဖင်လန်ရိုးရာ အိမ်ချက်အရက်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဝေးကွာနေခဲ့တဲ့ Päivi ‌ဆိုတဲ့ တတိယမြောက်ညီမက ရွာကိုပြန်ရောက်လာချိန်မှာ Pirkko နဲ့ Taina ကို သူ့ရဲ့မင်္ဂလာဆောင်ပွဲအတွက် ဆာတီ 100 လီတာ ကြိုအပ်ထားလိုက်ပါတယ်။ Pirkko တို့ ညီအစ်မနှစ်ယောက်လည်း 22 ရက်လုံးလုံး အရသာအကောင်းဆုံး ဆာတီကိုရအောင် ကြိုးစားချက်လုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ညီအစ်မနှစ်ယောက်ရဲ့ အရက်စွဲပြဿနာကြောင့် သူတို့ချက်ခဲ့တဲ့ ဆာတီ 100 လီတာလုံး မတော်တဆ အကုန်သောက်မိပြီး မှောက်ကုန်ကြပါတယ်။ နိုးလာတဲ့အချိန်မှာတော့ အရက်နာကျနေတဲ့ ညီအစ်မနှစ်ယောက်က 48 နာရီပဲလိုတော့တဲ့ သူတို့ညီမရဲ့ မင်္ဂလာဆောင်အတွက် ကတိပေးထားတဲ့ ဆာတေး တစ်ရာလီတာကို မရရအောင်ယူဖို့ စပြီးကမ္ဘာပျက်ကြပါတော့တယ်။ ဆာတီဆိုတာက ချက်ဖို့အတွက် ရက်သတ္တပတ်ချီကြာတာမို့လို့ အချိန် 48 နာရီပဲ ကျန်တော့တဲ့သူတို့က လိုနေတဲ့ ဆာတီအတွက် ကျေးလက်တောရွာပေါင်းစုံကို road trip ထွက်ပြီး အမြန်လိုက်ခိုးရ၊ ရန်ဖြစ်ရနဲ့ အရက်အတွက် ဘယ်လိုတွေ အသက်စွန့်ပြီး နပန်းလုံးကြမလဲဆိုတာကို ဒီဟာသကားထဲမှာ တခွီခွီနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size… (1.8 GB) / (870 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy Duration…. 01:30:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း