ဇာတ်ကားများ ရွေးရန်

The Last Class

2025ဇာတ်ကားအမှတ် 10.0/1071 မိနစ်

The Last Class (2025) ပါမောက္ခ Robert Reich ရဲ့ UC Berkeley မှာ သူသင်နေကျ သမိုင်းဝင် ကျော်ကြားတဲ့ course တစ်ခုဖြစ်တဲ့ "ချမ်းသာကြွယ်ဝမှုနဲ့ ဆင်းရဲမွဲတေမှု" (Wealth and Poverty) ဆိုတဲ့ အတန်းသင်ကြားမှု နောက်ဆုံး semester အကြောင်း 71 min ကြာ documentary တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ Reich က သူအရမ်းဝါသနာပြီး ချစ်မြတ်နိုးရတဲ့ သင်ကြားပို့ချတဲ့ career ကို နှစ် 40 ကြာအောင် တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက် စိတ်မကောင်းစွာပဲ အငြိမ်းစားယူရမယ့်အချိန် ရောက်လာတာပဲဖြစ်ပါတယ်။ Reich က ဆရာအဖြစ် သက်တမ်းတလျှောက်မှာ ကျောင်းသားပေါင်း လေးသောင်းကျော်ကိုသင်ကြားပေးခဲ့ပြီး လူငယ်မျိုးဆက်သစ်တွေများစွာကို ညီမျှမှုမရှိတဲ့လောကကြီးထဲကို ဝင်ရောက်ရင်ဆိုင်နိုင်ဖို့အတွက် စိတ်ဓာတ်ခွန်အားပေးပြီး သင်ကြားပေးခဲ့တဲ့ ဆရာကောင်းတစ်ယောက်ပါ။ ကျောင်းသားတစ်ထောင် အပြည့်ရှိတဲ့ ဟောခန်းမကြီးထဲမှာ Reich က ရှုပ်ထွေးခက်ခဲ့တဲ့ စီးပွားရေးအကြောင်းအရာတွေကို နားလည်လွယ်အောင် ထူးခြားတဲ့နည်းလမ်းတွေနဲ့ သင်ကြားပြသပေးပါတယ်။ အတန်းကို သင်ကြားပို့ချပေးတဲ့ အရမ်းကွာခြားလွန်းတဲ့ စည်းစိမ်ပိုင်ဆိုင်မှု ကွာဟချက်တွေနဲ့ critical thinking ပိုင်းတွေကို ကြည့်ရှုလေ့လာရမှာဖြစ်ပြီးတော့ Reich နဲ့ သီသန့် interview တွေလည်း ပါဝင်တာကြောင့် အတော်လေးကို ဗဟုသုတရစေမယ့် biographical နဲ့ educational documentary တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ File size… (930 MB) / (470 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Biography, Documentary Duration…. 01:11:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း