Whispering Spirit
Whispering Spirit (2025) သရဲခြောက်တယ်လို့ နာမည်ထွက်နေတဲ့ အိမ်ဟောင်းကြီးကို မဖြစ်နိုင်တဲ့ငွေတန်ဖိုးနဲ့ ဝယ်လိုက်တဲ့ မိသားစုတစ်စု...အိမ်ကြီးရဲ့နောက်ခံသမိုင်း.အမှောင်မိုက်ဆုံး လျှို့ဝှက်ချက်တွေနဲ့ ကြောက်စရာ ဖြစ်ရပ်ဆိုးတွေကို ရင်ဆိုင်ကြရပုံကို ရိုက်ကူးထားတဲ့ ဗီယက်နမ် Horror ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ စားဝတ်နေရေး ခက်ခဲပြီး ငွေကြေး မပြည့်စုံတဲ့ မိသားစုလေးတစ်စု အကြောင်းကနေ စတင်ထားတာပါ။ သူတို့ဟာ စျေးပေါပေါနဲ့ ရနိုင်မယ့် အိမ်တစ်လုံးကို လိုက်လံ ရှာဖွေရင်း... မြို့ခံတွေက ဝိညာဉ်ဆိုးတွေနဲ့ အောက်လမ်း ပယောဂတွေ ခြောက်လှန့်နေတယ်လို့ အိမ်ဟောင်းကြီးတစ်လုံးကို မဖြစ်မနေ ဝယ်ယူနေထိုင်လိုက်ကြရပါတော့တယ်။ အဲ့ဒီအိမ်ကို ရောက်သွားတဲ့အခါမှာတော့... အရင် ပိုင်ရှင်ပေါင်းများစွာ သေဆုံးခဲ့ဖူးပြီး အမှောင်မိုက်ဆုံး အတိတ်တွေ ရှိနေခဲ့တဲ့ ထိုအိမ်ကြီးရဲ့ ခြောက်လှန့်မှုတွေကို မိသားစုဝင်တွေ ဆက်တိုက် ကြုံတွေ့ရပါတော့တယ်။ ဝိညာဉ်ဆိုးတွေရဲ့ ခြိမ်းခြောက်မှုကြားထဲကနေ အသက်လွတ်အောင်နဲ့ မိသားစုကို ကာကွယ်ဖို့အတွက် သူတို့ဟာ အိမ်ကြီးရဲ့ လျှို့ဝှက်ချက်တွေကို ဘယ်လိုမျိုး အသက်နဲ့ရင်းပြီး ဖော်ထုတ်သွားကြမလဲဆိုတာကို ရင်တမမကြည့်ရမယ့် သရဲကားကောင်းလေးဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း