Etharkkum Thunindhavan
ရှေ့နေကန်နာဘီရန်ရဲ့ မိဘတွေက သားဖြစ်သူ လမ်းမှားမလျှောက်ဘူးလို့ အမြဲယုံကြည်ထားကြသူတွေပါ။ သားသဘောကျတဲ့ ကောင်မလေးကို တင်တောင်းလို့မရရင် ခိုးပြေးဖို့တောင် ဝိုင်းမြှောက်ပေးကြလို့ ဒီမိသားစုရဲ့အဖြစ်တွေက အလွဲအချော်တွေနဲ့ ရယ်စရာဖြစ်နေတတ်တယ်။ ဒါပေမယ့် ခိုးပြေးဖို့ စီစဉ်ထားတဲ့နေ့မှာ မထင်မှတ်တဲ့ကိစ္စတစ်ခု ပေါ်လာပါတယ်။ သူနဲ့ ခိုးပြေးမယ့်မိန်းကလေးရဲ့ သူငယ်ချင်း အန္တရာယ်ကြုံနေရတယ်ဆိုတဲ့ သတင်းရလာလို့ ကန်နာဘီရန်က သွားကယ်တင်ပါတယ်။ အဲဒီကနေ သိလာရတဲ့ အမှန်တရားတွေနောက်မှာ တစ်မြို့လုံးက မိန်းကလေးတွေကို အသုံးချပြီး အကျပ်ကိုင်ခြိမ်းခြောက်တဲ့ ကိစ္စအထိ ရောက်လာတယ်။ နောက်ကွယ်က အကျပ်ကိုင်နေသူဟာ သူအလွယ်တကူ ရင်ဆိုင်နိုင်တဲ့လူ မဟုတ်တဲ့အခါ ကန်နာဘီရန် ဘယ်လိုလှည့်ကွက်တွေနဲ့ တုံ့ပြန်မလဲဆိုတာ ဆက်တွေ့ရမှာပါ။
ဇာတ်လမ်းအကြောင်း