ဇာတ်ကားများ ရွေးရန်

Kind Hearts and Coronets

1949ဇာတ်ကားအမှတ် 7.6/10104 မိနစ်

Kind Hearts and Coronets (1949) IMDB : 8 Rotten Tomatoes: 100% Genre : Comedy /Crime / Thriller Kind Hearts and Coronets ကတော့ ၁၉၄၉ ခုနှစ်ထွက် Black Comedy အမျိုးအစား Crime / Thriller ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ မင်းသား Alec Guinness ဟာ ရုပ်ရှင်ထဲက အမျိုးသား / အမျိုးသမီး ဇာတ်ကောင် ၈ နေရာ အထိ တစ်ယောက်တည်းသရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီရုပ်ရှင်က သွေးအေးအေးနဲ့ ရက်စက်တဲ့ ရုပ်ရှင်လို့ပြောရလောက်တဲ့ ရုပ်ရှင်မျိုးဖြစ်ပါတယ်။ Black Comedy ဖြစ်တာနဲ့အညီ သာမန် ဟာသရုပ်ရှင်မျိုးမဟုတ်တာကြောင့် မိသားစုနဲ့ ကြည့်ရှုရန်မသင့်တော်ပါဘူးခင်ဗျာ။ ဇာတ်ညွှန်း လူတန်းစားမတူလို့ဆိုပြီး မိသားစုရဲ့ စွန့်ပစ်ခြင်းကိုခံခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ သားဖြစ်သူ Louis Mazzini ဟာ မိခင်ဖြစ်သူရဲ့ မူလမျိုးရိုးဖြစ်တဲ့ မြို့စားဘွဲ့ (Dukedom of Chalfont) နဲ့ မိသားစုအမွေတွေကို အရပြန်ယူမယ်ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီရာထူးနဲ့ အမွေကို ရဖို့အတွက် သူ့ရှေ့မှာ တားဆီးပိတ်ပင်နေတဲ့ D'Ascoyne မိသားစုဝင် (၈) ဦး ရှိနေပါသေးတယ်။ ဘယ်သူ့ကိုမှ အားနာမနေဘဲ အဲဒီဆွေမျိုး ၈ ဦးစလုံးကို တစ်ယောက်ပြီးတစ်ယောက် အကြံအစည်မျိုးစုံနဲ့ ဖယ်ရှားပြီး ရာထူးကို တက်လှမ်းဖို့ ယုတ်မာတဲ့ အကြံများထုတ်ပါတော့တယ်။ ဆွေမျိုးတွေကို တစ်ယောက်ချင်းစီ တိတ်တဆိတ် ရှင်းထုတ်ရင်း သူမျှော်လင့်ထားတဲ့ နေရာတစ်ခုကို ရောက်သွားတဲ့အခါမှာတော့ မျှော်လင့်မထားတဲ့ အချစ်ရေးနဲ့ ရာဇဝတ်မှု ပြဿနာတွေကပေါ်လာပါတော့တယ်။ ဒီလိုနဲ့ Louise တစ်ယောက် ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရိုက်ကူးထားတဲ့ ဂန္တဝင်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ခံစားကြည့်လိုက်ကြပါခင်ဗျာ။ File size…    2.2 GB/ 1.5 GB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 46m Genre .....Black Comedy / Thriller / Comedy Subtitle…. Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း