ဇာတ်ကားများ ရွေးရန်

Parasomnia

2025ဇာတ်ကားအမှတ် 6.6/1085 မိနစ်

Parasomnia (2025) ငယ်ရွယ်တဲ့ ကောင်မလေး Riley က ခြောက်ခြားစရာ ကျိန်စာကြီးတစ်ခုကို ပိုင်ဆိုင်ထားတယ်။ ဆယ်နှစ်ပြည့်တိုင်း သူ့ရဲ့မွေးနေ့မှာ သူအိပ်ပျော်နေတုန်း သူ့ပတ်ဝန်းကျင်က ဆိုးရွားတဲ့ အဖြစ်ဆိုးတွေ ကြုံရတာပါပဲ။ သူ ၅ နှစ်ပြည့်တုန်းက သူ့အဖေက အမေဖြစ်သူကို သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်။ အသက် 15 နှစ်မှာ သူ့ရဲ့ မိဘမဲ့ကျောင်းက အလုပ်သမားက လူတွေအများကြီးကို လိုက်သတ်ခဲ့တယ်။ အဖြစ်အပျက်နှစ်ခုလုံးမှာ Riley က အိပ်ပျော်နေခဲ့တာမို့ မျက်လုံးစားတဲ့ မကောင်းဆိုးဝါးကောင်ကြီး "အမြင်ရှင်" က သူ့ရဲ့အိပ်မက်ဆိုးတွေကတစ်ဆင့် လူ့လောကထဲကို ဝင်လာပြီးတော့ လူတွေကို အကြမ်းဖက်စိတ်ရိုင်းဝင်အောင် တွန်းအားပေးပါတယ်လို့ Riley က ယုံကြည်ထားပါတယ်။ ဒါကြောင့် လူတိုင်းကို ကာကွယ်ဖို့အတွက် Riley က သူ့အသက် ၂၅ နှစ်ပြည့် မွေးနေ့မှာ အိမ်ထဲကလူတိုင်း သူအိပ်မပျော်ခင် အရင်အိပ်ရမယ်ဆိုတဲ့ စည်းမျဉ်းကို ချထားလိုက်တယ်။ ဒါပေမဲ့ သူ့ရဲ့ရည်းစားက မတော်တဆ သူ့ကို မနှိုးလိုက်မိချိန်မှာတော့ Riley တားဆီးဖို့ကြိုးစားထားတဲ့ မကောင်းဆိုးဝါးနဲ့ အဖြစ်ဆိုးကြီးက တဖန်ပြန်ဖြစ်လာဦးမလားဆိုတာကိုတော့ ဒီ supernatural horror ထဲမှာ စိတ်ဝင်စားဖွယ်အပြည့်နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size… (840 MB) / (440 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror Duration…. 01:25:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း