ဇာတ်ကားများ ရွေးရန်

Stella Next to Me

2025ဇာတ်ကားအမှတ် 7.2/10

Stella Next to Me (2025) ဒီကားလေးကတော့ လူကြိုက်များတဲ့ စာရေးဆရာမ Ammitsu ရဲ့ Romance Shojo မန်ဂါ (Manga) ကို အခြေခံ ရိုက်ကူးထားတဲ့ ဂျပန် Live-Action ရုပ်ရှင်ဖြစ်ပြီး ဒါရိုက်တာ Hana Matsumoto က ရိုက်ကူးထားပြီး နိုင်ငံကျော် အနုပညာရှင်တစ်ဦးနဲ့ သာမန်မိန်းကလေးတစ်ဦးကြားက ချိုချိုချဉ်ချဉ် လွမ်းမောဖွယ်ရာ အချစ်ဇာတ်လမ်းလေးအကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း Chiaki (Riko Fukumoto)ဟာ သာမန်အထက်တန်း ကျောင်းသူလေးတစ်ဦးဖြစ်ပြီး ငယ်စဉ်ကတည်းက အတူတူကြီးပြင်းလာခဲ့တဲ့ အိမ်နီးနားချင်း ကစားဖော်သူငယ်ချင်း Subaru (Yusei Yagi) အပေါ် တိတ်တခိုး သံယောဇဉ်ရှိနေသူလေးပါ။ ဒါပေမဲ့ Subaru ဟာရုပ်ရည်ချောမောပြီး အရည်အချင်းရှိတာကြောင့် အနုပညာအေဂျင်စီတစ်ခုရဲ့ ကမ်းလှမ်းခြင်းကို ခံရပြီး အောင်မြင်ကျော်ကြားတဲ့ မော်ဒယ်မင်းသား ဖြစ်လာခဲ့ပါတယ်။ Subaru တစ်ယောက် နိုင်ငံကျော်စတားတစ်ဦး ဖြစ်လာချိန်မှာ သူနဲ့ သာမန်မိန်းကလေးတစ်ဦးဖြစ်တဲ့ Chiaki တို့ကြားမှာ မမြင်ရတဲ့ အကွာအဝေးတစ်ခု ခြားနားသွားသလို ခံစားလာရတယ်။ Chiaki ကလည်း Subaru အနားမှာ ရှိနေချိန်တိုင်း ရင်ခုန်သံများ မြန်ဆန်နေတတ်သော်လည်း သူ့ရဲ့ အောင်မြင်မှုနဲ့ ပရိသတ်များကြောင့် ကိုယ့်ခံစားချက်ကို ဖွင့်မပြောရဲဘဲ သူငယ်ချင်းအဖြစ်သာ ခပ်ခွာခွာ နေထိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားလေးထဲမှာ အနုပညာရှင်တစ်ဦးကို တိတ်တခိုးချစ်ရတဲ့ ခံစားချက်၊ မိမိနဲ့ အလှမ်းဝေးကွာသွားပြီလို့ ခံစားရတဲ့ ဆယ်ကျော်သက်လေးရဲ့ ပူလောင်မှုတွေနဲ့ သဝန်တိုမှုများကို ရင်ထဲထိအောင် ပုံဖော်ထားပါတယ်။ Riko Fukumoto ရဲ့ ချစ်စဖွယ်သရုပ်ဆောင်မှုနဲ့ Fantastics from Exile Tribe အဖွဲ့ဝင်၊ My beautiful man BL ဇာတ်ကားထဲက မင်းသား၊ Yusei Yagi တို့ရဲ့ တွဲဖက်ညီမှုက မန်ဂါဖတ်ပရိသတ်များကိုပါ စိတ်ကျေနပ်မှု ပေးစွမ်းနိုင်ပါတယ်။ မင်းသားနဲ့မင်းသမီးရဲ့ Visuals ကို ကြည့်ရတာနဲ့တင် ဒီကားလေးက အတော်လေးကို တန်နေပါပြီနော်။ ဂျပန် Teen Romance ဇာတ်ကားများရဲ့ ထုံးစံအတိုင်း လှပသပ်ရပ်တဲ့ ရုပ်ထွက်နဲ့ ခံစားချက်ကို မြှင့်တင်ပေးမဲ့ ဇာတ်ဝင်တေးများ ပါဝင်တာကြောင့် ရိုမန့်စ်ကားကြိုက်သူများ မလွတ်တမ်းကြည့်သင့်တဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။ File size…1.59GB / 757MB Quality… BluRay 1080p/ 720p Format…mp4 Duration….1 hr. 48 min. Genre ….. Romance, Youth, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း